🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
Part 17🖤…^~🖤…^~🖤
သာယာတဲ့ညနေနေရီချိန်တွင်
တိမ်ရောင်စုံတို့ ငှက်ကလေးတွေနဲ့
အတူရွေ့လျားနေသည်။အနီရောင်နေလုံးကြီးရဲ့အရှိန်တောက်တောက်က
ကောင်းကင်ကြိီးကိုဟိန်းတောက်ကာ အရောင်
စိုလှပနေသည်။အေးမြတဲ့ လေညှင်းများ တဖြူးဖြူးတိုက်ခတ်နေသည်။
ဓနိတွေမိုးထားတဲ့ တဲသဖွယ်အရိပ်အောက်မှာတော့
အအေးခွက်တစ်ခွက်စီနဲ့ မျက်နှာချင်းဆိုင်ထိုင်
နေကြတဲ့ လူနှစ်ဦး ရှိနေကြသည်။တစ်ဦးက မျက်နှာတင်းတင်းနဲ့ အအေးမော့သောက်ပြီး
ဘေးကိုစိုက်ကြည့်နေသလို တစ်ဦးက လက်နှစ်ဖက်
ဆုပ်ထားလျက် မျက်နှာငယ်နဲ့ တစ်ခုခုကိုပြောဆိုဖို့
အချိန်ကောင်းစောင့်စားနေသည်လား ပြောခွင့်မသာ
သေးသည်လားမသိ...။အချိန်တွေသာ ကုန်ဆုံးသွားပြီး မှောင်ရိ
ဖြိုးလာချိန်တွင်တော့ ပတ်ဝန်းကျင်ကို
တစ်ချက်ကြည့်ပြီး လက်ပတ်နာရီကို
ငုံ့ကြည့်ပြီး စိတ်မရှည်တဲ့လေသံနဲ့
ပြောလာခဲ့၏။ထိုအခါကျတော့မှ တစ်ဖက်က မျက်နှာ
ငယ်ငယ်နဲ့ လူက အရဲစွန့်၍ စကားစ
လိုက်လေတော့၏။"ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး
ငါ့ဘက်က တောင်းပန်ပါတယ်...
နောက်ပြီး ရန်သူအဆင့်မရောက်သေးတဲ့
ငါတို့ Peace ယူကြရအောင်...
အနူးညွှန့်တောင်းပန်ပါတယ် မင်းက
ငါ့ညီကို အသက်ထက်ချစ်တယ်ဆိုတာ
ငါယုံကြည်ပါတယ်...''"ဟူး...ဒါလေးပြောဖို့ကို အချိန်တွေကုန်တဲ့အထိ
စောင့်နေတယ်...ငါ မင်းကို အရင်ထဲက
ကြည့်မရဖြစ်ခဲ့ရင်တောင် ယုန်ပေါက်လေးက
အမိန့်ပေးထားရင် နာခံပြီးသားဘဲ...
မင်းထက်အရင် ငါ့ကိုပြောထားပြီးသားဖြစ်လို့
လက်ခံတယ်...မင်း ဘယ်နေ့ ဂျပန်ပြန်မှာ...''"နောက်တစ်ပတ်''
"အေ ခလေးကိုအပြင်ခေါ်သွားမလို့
လိုက်ခဲ့လိုက် သွားမဲ့နေ့ ငါဆက်သွယ်
လိုက်မယ်...''"ငါမင်းကိုတကယ်တောင်းပန်...''
"မလိုဘူး...ငါတို့က လှေအတူစီးလို့ရနေတာဘဲ...
ခလေးကိုချစ်တာချင်းအတူတူဘဲ ငါက အတ္တ
ကြီးသွားရုံဘဲလေ...ငါသွားတော့မယ်
ယုန်ပေါက်လေး ဗိုက်ဆာနေရောပေါ့...
ပါဆယ်မှာထားတာရပြီလား...''
YOU ARE READING
Vampire ခြွေတဲ့ အနမ်းကြမ်း
VampireAuthor - Vampire ရေးသားသော " Vampire ခြွေသောအနမ်းကြမ်း" intro ကို စာရေးသူက မရေးလို့ မတင်ပါဘူး ဖတ်ချင်တယ်ဆိုရင် ဖတ်ပေးကျပါ မင်မင်ရေးတဲ့ fic မဟုတ်ပါဘူး တခြားသူရေးထားတာပါ သူ့ fic ကို ခိုးတာလဲ မဟုတ်ပါဘူး မင်မင်က တနေရာထဲမှာစုပီးဖတ်ချင်လို့ပါ နားလည်ပေးဖိ...