Part 1 ❣️

33 7 2
                                    

Unicode

"မင်း အ့အိမ်ကိုမသွားနဲ့ ငါမကြိုက်ဘူး"
"ဘာလို့တုန်း အ့အိမ်မှာ ကြောင်လေးတွေမှအများကြီး ပီးအ့အိမ်က ဦးလေးကြီးကလည်း ငါ့ကိုမုန့်တေ လာတိုင်းချချကျွေးတာ"
"ဟုတ်လို့လား။ အ့အိမ်က ကောင်မလေးက မင်းကို 'ကိုကို' 'ကိုကို' နဲ့လေ အ့လိုခေါ်တာကို သဘောကျနေတာမလား"
"ဘာတေပြောနေတာလဲ နိုက် သေချင်နေတာလား ဟူးးး တော်ပီ မင်းကိုမပြောတော့ဘူး"

ထိုသို့ပြောပီး ကောင်လေးတယောက် စိတ်ကောက်ပီး နှုတ်ခမ်းလေးဆူကာ သူ့ရဲ့အိမ်လေးကို ပြန်လာခဲ့သည်။ ဘယ်သူသိမလဲ ကျန်ခဲ့တဲ့ကောင်လေးက စိတ်မကောင်းဖြစ်သွားပီး ကိုယ့်ကိုယ်ကို ကျိန်ဆဲနေတယ်ဆိုတာ
"ငါဘာလို့ သွားပြောလိုက်မိတာပါလိမ့်ကွာ ပီး ငါက ခုသူ နှုတ်ခမ်းဆူသွားတာကို ဘာလို့ စိတ်မကောင်းဖြစ်နေရတာလဲ ကျစ်!!"

"ဟယ် သားလေး ပြန်လာပီလား နိုက် ရောမပါဘူးလား"
"မပါဘူး မေမေ သားနားတော့မယ်နော်"
"နေဦး သားတို့နှစ်ယောက်စိတ်ကောက်ပြန်ပီလား"
"မ မဟုတ်ပါဘူး မေမေကလည်း"
"....."
"ဟွန့် သူအရင် သားကိုလာပြောလို့ပါနော်
ဦးလေးထွဍ် တို့အိမ်မသွားနဲ့တဲ့လေ သားကအ့အိမ်မှာ ကြောင်လေးတွေကို သဘောကျလို့သွားတာကို"
ဒေါ်နန်းသွင် သူ့သားလေးကိုကြည့်ပီး ပြုံးမိသွားသည် သားလေးက ငယ်ငယ်ထဲက နိုက် ဆိုတဲ့ကောင်လေးနဲ့ အတူတူကြီးပြင်းလာခဲ့တာ အ့ကောင်လေးအပေါ်လည်း သူ့သားက အရမ်းနိုင် ဟိုကလည်း သူ့ကိုအမြဲသည်းခံ ခုလည်းနှစ်ယောက်စိတ်ကောက်လာကြပြန်ပီ ဒါတေက ဒေါ်နန်းသွင်အတွက် ရိုးနေပါပီ.....
"ကဲ အ့တော့ နှစ်ယောက်စိတ်ကောက်လာပြန်ပီပေါ့"
"...."
"သားကလည်း သားတို့ကဟိုတုန်းကလိုခလေးလေးတွေမဟုတ်တော့ဘူးလေကွယ် ခုဆို၈တန်းကျောင်းသားကြီးတေ ဖြစ်နေပီလေ... မေမေဘာပြောထားလဲ နိုက် ကသနားစရာခလေးပါကွယ် သူ့အပေါ် အနိုင်မယူပါနဲ့လား သူ့မှာ မိဘတေနဲ့ ဝေးတဲ့နေရာမှာနေနေရတာလေ သားရယ် သူကကောင်းစေချင်လို့ သားကိုပြောတာနေမှာပါ"
"ဟုတ်ပါပီ ဟုတ်ပါပီ နိုက် ကမေ့မေ့သားပါ သားကမွေးစားသား အမြဲ သူ့ကိုပဲ ဦးစားပေးတယ် ဟွန့် မနက်ဖြန် သားသူ့ကိုပြန်ခေါ်လိုက်ပါ့မယ် ရပီလား"
"ဟုတ်ပါပီရှင့် မေမေ့သားလေးက လိမ္မာလိုက်တာ သားရော နိုက်‌ ရောက မေ့မေ့သားလေးတွေပါနော်။ ကဲ ကဲ နားတော့ မေမေ ညစာပြင်လိုက်ဦးမယ်"
"ဟုတ် "

𝐼𝑓 (အကယ်၍သာလျှင်)Where stories live. Discover now