Unicode
"အမလေး!!လန့်လိုက်တာ ဒီမှာဘာလုပ်နေတာလဲ"
"မင်းကိုလာခေါ်တာလေ ကျောင်းတက်တော့မယ် လာ စိတ်မဆိုးနဲ့တော့"
"....."
"ငါတောင်းပန်ပါတယ်ကွာ စိတ်ဆိုးပြေပါတော့ နော်"
"....."
"အေးပေါ့လေ ဒီက အကိုကြီးပဲ အနစ်နာခံပီး နမ်းပေးပါ့မယ် "
ဟုဆိုကာ မျက်နှာနားကပ်လာသော လဒကောင်ကို 'သွင်' အလန့်တကြား ခါးကြောကို စိတ်စွဲ လိုက်သည်
"မင်း နော် ဘာဖြစ်နေတာလဲ ငါကစိတ်မဆိုးရတော့ဘူးလား မင်းပဲတွေးကြည့်လေ အ့ကောင်မလေးနဲ့ငါ ကကြိုက်စရာလား ပီး ဘေးလူတေကကော အထင်လွဲမှာတဲ့လား သူက ခုမှ KGတက်မယ့်ခလေးလေ ဦးနှောက် မရှိတဲ့သူပဲ အ့လိုမြင်လိမ့်မယ် ဥပမာ မင်းလိုပေါ့"
"ဟားးဟားးဟား....မသိဘူးလေ မင်းက ခလေး မုန့်ပေးကြိုက်ခိုင်းရင်ကြိုက်ခိုင်းမှာ"
"မင်းး အေး မင်းထပ် စ ရင်မင်းမျက်နှာကို ကုပ်ဆွဲပစ်မယ်"
"မစ တော့ပါဘူးကွာ စိတ်ဆိုးပြေတော့နော် ငါကငါ့သူငယ်ချင်းလေး စာမေးပွဲနီးတော့ စာတေမတရားလုပ်နေလို့ စိတ်ပျော်အောင် နောက်တာပါကွာ ဟဲဟဲ""ဆိုတော့ မင်းတို့နှစ်ယောက် ပြန်တည့်သွားပီပေါ့"
"အင်း"
"ဟူးးး တော်သေးတာပေါ့ကွာ 'သွင်' မင်းကလည်းမိန်းမကြီးကျနေတာပဲ စိတ်ကောက်ရတယ်လို့"
"ယောင်္ကျားလေးကရော စိတ်မဆိုးရတော့ဘူး တယ့်လား"
"မဟုတ်ဘူးလေကွာ ငါပြောတာက...
"ရှေ့လှည့်လိုက်တော့ ဆရာမရောက်နေပီ သားလေး""ကဲ အားလုံး ဆရာမတို့အတန်းကို ကျောင်းသူ အသစ် ပြောင်းလာတယ် သူ့ကို ဝိုင်းဝန်း ကူညီလိုက်ဦးနော်"
အားလုံး ပြောင်းလာတဲ့ကျောင်းသူသစ်ကို စိတ်ဝင်စားနေကြသည် ထို့အထဲတွင် ကျောင်းသား နှစ်ယောက်တော့မပါခဲ့ပေ
"လာ သမီးဝင်ခဲ့ မိတ်ဆက်လိုက်ပါဦး"
"ဟိုင်းးငါ့နာမည်က သွယ်မှူးအိမ် ပါ""ဝိုးးးသွယ်မှူး နဲ့ မှူးသွင် နဲ့တော့တွေ့ပီဟေ့"
"သူက လှတယ်နော် စာလည်းတော်လောက်တယ်"
"ဟက် သူကသူဌေးသမီး ဖြစ်မယ်ဟ သူ့လွယ်အိတ်ကို ကြည့် ငါဟိုနေ့က FB မှာတွေ့တာ ခေတ်စားနေတဲ့ ဒီဇိုင်းဟ ဈေးလည်းကြီးတယ်"
"နိုက် ကိုလုဖို့ ပြိုင်ဖက် တယောက်တိုးပီဟေ့"ထိုသို့ ဝေဖန်လေကန်ကွပ်ကဲ နေတဲ့ကျောင်းသားတေကို လျစ်လျူရှုကာ လွတ်နေတဲ့ခုံမှာ သွယ်မှူးအိမ် ဝင်ထိုင်လိုက်သည်
"ဟိုင်းး သွယ်မှူးအိမ် ငါက ဟန်ဆုရင် ပါ နင်သိချင်တာတေရှိရင် ငါ့ကိုမေးလို့ရတယ်နော်"
"အင်း ကျေးဇူးပါ ဆုရင် ငါ့ကို သွယ် လို့ခေါ်လို့ ရတယ် ဒါဆို ငါတို့သူငယ်ချင်း လုပ်ကြရအောင်"
"okay my friend"
YOU ARE READING
𝐼𝑓 (အကယ်၍သာလျှင်)
RomanceUnicode ငါတို့နှစ်ယောက်က ချစ်တာခြင်းတူတယ် ချစ်တဲ့အဓိပ္ပာယ်ချင်းတော့မတူဘူး မင်းလည်းသူ့ကိုချစ်သလို ငါလည်းချစ်တယ် ကျန်တာကိုတော့ အချိန်ကပဲ ဆက်ပြောနိုင်လိမ့်မယ် (အကယ်၍ ငါသာကြောင်လေးတစ်ကောင်ဖြစ်ခဲ့ရင် မင်းရွေးချယ်တာခံရလောက်မှာ) Zawgyi ငါတို့နှစ်ယောက်က ချစ...