Part 6❣️

56 6 0
                                    

Unicode

"သား သော်က ဆရာမကြီးအရင်စာရင်းသွားဖြည့်လိုက်ဦးမယ် ဒီမှာထိုင်စောင့်နေနော်"
"ဟုတ် ဆရာမကြီး"

‌သွင် ဒီအဆောက်အဦးကြီးကိုကြည့်ပြီး သဘောကျနေလေသည်။

(မိုက်လိုက်တာ အကြီးကြီးပဲ ဒါဝန်ကြီးချုပ်ရုံး များလား)

အဆောက်အဦးပုံစံမှာ နိုင်ငံခြားဒီဇိုင်းကိုအခြေခံတည်ဆောက် ထားတာဖြစ်၍ အင်မတန် ကြီးကျယ် ထည်ဝါလှသည်။ အဆောက်အဦး ပတ်လည်တွင်လည်း အရောင်စုံ ပွင့်နေသော ပန်းအိုးများနေရာယူလျက်

"သော်ကမှူးသွင် လားရှင့်"
"ဟုတ်ပါတယ်ဗျ"
"အမနဲ့လိုက်ခဲ့နော် သားဆရာမကြီးခေါ်ခိုင်းလိုက်လို့"
"ဟုတ်ကဲ့အမ"

"လာ သား"
"Congratulations မောင်သော်ကမှူးသွင်"
"ဟုတ် ကျေးဇူးပါဗျ"
"သား ဒါက ဝန်ကြီးဦးမုန်းမာန်ထက် တဲ့ သားကို ပညာသင်စရိတ်ထောက်ပံ့ပေးမယ့်သူလေ"
"ဟုတ် ကျေးဇူးတင်ပါတယ်ဗျ"
"တင်စရာမလိုပါဘူးကွာ မင်းအရည်အချင်းနဲ့ရတာပဲ"

အချိန်အတော်ကြာသည်ထိ အလာပသလာပ‌ ပြောပြီး "သော်က သားအရင်ပြန်နှင့်လိုက် လာတုန်းက Taxi သမားစောင့်နေတယ်။ ဆရာမကြီး အသိတယောက်ကိုစာရင်းပေးစရာရှိသေးလို့"
"ဟုတ်ဆရာမကြီး"

သွင် လည်းလွတ်လွတ်လပ်လပ် အဆောက်အဦးကြီးကို အဝငေးကာ ပြန်လာစဉ် ရှေ့က ကြော်ငြာဆိုင်းဘုတ် တိုင် နှင့် နဖူးနှင့်တိုက်မည့်အပြု မာကြောသောအုတ်တိုင်အစား နူးညံ့သောလက်တစ်စုံသာ ကြားထဲဝင်ခံသွားလေသည်။သွင် လည်းအ့တော့မှ ရှေ့ကိုကြည့်မိတော့

"ဂရုစိုက်လေ ကလေး ဘေးတေလျှောက်ငေးမနေနဲ့လေ တိုက်မိမယ်"
"အာ ဟုတ် ဟုတ်ကဲ့"
ထိုလူလည်းပြောပြီး ထွက်သွားလေသည်။ သွင်လည်းရှက်ရှက်နှင့် ကျေးဇူးတင်စကားတောင်မပြောနိုင်ခဲ့......

***************

"နိုက် မင်းသိလား အ့နေရာကြီးကတော်တော်မိုက်တယ်ကွ။ပန်းတေကလည်းစိုက်ထားတာ စုံနေရောပဲ ပြီးတော့ အ့ဝန်ကြီးကလည်း သဘောကောင်းသား။ဆရာမကြီးနဲ့ရင်းနှီးတယ်ထင်တယ် ဟီးး"

သွင် ကျောင်းပြန်လာကတည်းက ဒီအကြောင်းသာထပ်တလဲလဲပြောနေသည်မို့ နိုက် လွှတ်သာထားလိုက်သည် သူကိုယ်တိုင်လည်း မကြာခင် အ့စကားတေ အလွှတ်ရတော့ပေမည်။

𝐼𝑓 (အကယ်၍သာလျှင်)Where stories live. Discover now