Part 4❣️

28 5 2
                                    

Unicode

ကျောင်းဆင်းအိမ်ပြန်လမ်းတလျှောက် တိတ်ဆိတ်ခြင်းက ကြီးစိုးနေလေသည် ကောင်လေးနှစ်ယောက်အတွက်သီးသန့်ပေါ့

(သူဘာလို့ ငါ့ကိုစကားမပြောတာပါလိမ့် မျက်နှာကြီးကလည်း ဆူပုပ်နေတာပဲ ဟွန့်)

(သူကဘာလို့စာအုပ်ကိုပေးလိုက်ရတာလဲ သွင် လို့ ခေါ်တာကိုဘာလို့ငြိမ်နေရတာလဲ အ့ဟာမ ကရော ဘာကိစ္စအ့လိုခေါ်ရတာလဲ ခုမှ ပြောင်းလာတာကို လာပီးရန်စချင်နေတာများလား ငါ့ကရောဘာလို့ စိတ်တိုနေရတာလဲ အ့ကျောင်းသူသစ်ကို စိတ်တိုတာလား၊ သွင့် ကိုသဝန်တိုတာလား ဟာကွာ!!!ဘာတေလဲကွာ ခုခံစားချက်ကြီးက)
ကောင်လေးနှစ်ယောက်အတွေးကိုယ်စီနဲ့ အဖြေရှာနေစဉ်

"တိုရီးးးး"
"အယ်! ဘီဘီပါလား ဟဲဟဲ ဒီမှာဘာထိုင်လုပ်နေတာလဲကွ"
"တိုရီး ကိုစောင့်နေတာလေ မနေ့က တားကိုလူလည်ကျသွားတာ ခုမပေးရင် ညကြဆရာမ နဲ့တိုင်ပြောမှာ ဟွန့်"
"ဟာ.. ဘီဘီကလည်း မေမေနဲ့တော့မတိုင်ပါနဲ့ကွာ ပေးမယ်ပေးမယ်ဟုတ်ပီလား ဟွန့် သုံးထောင်လေးချေးတာ‌ကို ကြားတဲ့သူကတော့ အများကြီးချေးလို့ မဆပ်နိုင်ဘူးထင်မယ် ငါ့မှာသာပိုက်ဆံတေအများကြီးရှိရင် သုံးထောင်မပြောနဲ့ သုံးသန်းတောင် မင်းကိုပစ်ပေါက်ပေး ပလိုက်မယ်"
"ဟုတ်ပါပီဗျာ လောလောဆယ်တော့ သုံးထောင်လေး ဆပ်ပါဦးယို့"
"အဟမ်းး နိုက် မင်းမှာသုံးထောင်လောက် ပါလားဟင် ပါရင် သူ့ကိုငါ့အစား ပြန်ဆပ်ပေးပါလား"
"ဟော နောက်‌တယောက်ကို ချေးပြန်ပီ"
"မင်းပါးစပ်ပိတ်ထားလိုက် ညှပ်စိ ပိုက်ဆံရရင် ပီးရောမလား"
"မင်းက ကလေးဆီဘာလို့ပိုက်ဆံချေးတာတုန်း"
"အ့ဒါတေနောက်မှပြောပြမယ်လေနော် လောလောဆယ် ပေးလိုက်စမ်းပါကွာ"
"ရော့ ငါးထောင် ယူထားလိုက် ပိုတာပြန်မပေးနဲ့
အ့ဒီအစား နောက်ခါ ဒီကအကိုကြီးထပ်ချေးရင်အကို့ကို လာတိုင်‌ဟုတ်ပီလား"
"ဟုတ် တိုရီး"
"မဟုတ်နဲ့ သူကမတောင်းပေမယ့် ငါတောင်းမယ် ပိုတဲ့နှစ်ထောင်ပြန်ပေး ညှပ်စိ"
"အမ် မပေးပါဘူး တိုရီးပိုက်ဆံမှ မဟုတ်တာ သွားပီ ဘိုင့်ဘိုင့်"
"ဟာ ဟေ့ကြွက်စုပ် နေဦးလေ"
"သွင် မင်းကလည်းကွာ ကလေးဆီကလည်းချေးသေး ခုပိုတာကိုပြန်တောင်းနေပြန်ပီ"
"တောင်းရမှာပေါ့ မင်းကဘောစိဆိုတော့ပိုက်ဆံ ကိုတန်ဖိုးမထားဘူးလေ ငါကတော့ တန်ဖိုးထားတယ် မင်းမယူရင်နေ ငါကတော့အ့နှစ်ထောင်ပြန်တောင်းမှာပဲ ဟွန်း"
"မတောင်းပါနဲ့ သွင် ရယ်မင်းလိုချင်ငါ့ကိုပြော ငါ့မှာရှိသမျှ အကုန်မင်းပိုင်တယ် ဟုတ်ပီလား"
"အမလေးတော်ပါ မင်းဟာမှာမဟုတ်တာ မင်းမိဘတေဟာလေ"
"ကဲ ထားတော့ ဘာလို့ ပိုက်ဆံချေးတာလဲ"
"ဟဲဟဲ အမေ့တော့ပြန်‌မပြောပါနဲ့နော် ဒီလိုကွ မင်းနေမကောင်းတဲ့နေ့လေ ငါကျောင်းကပြန်ပီး မင်းအိမ်စာအုပ်လာပေး ပြန်တော့ လမ်းမှာကြောင်လေးတကောင် သစ်ပင်ပေါ်မှာရောက်နေတာ ငါလည်း သူမဆင်းတတ်လို့ဖြစ်မယ်ထင်တာပေါ့ အ့ဒါနဲ့ သစ်ပင်ပေါ်တက်တာ သရက်ပင်ကအရမ်းတော့မမြင့်ဘူးကွ ဘေးမှာလည်းလူမရှိတော့ တက်ပီးအောက်ချပေးရော ခွေးတေဝိုင်းလာတာလေ ကြောင်လေးလည်းဘယ်ချိန်ပြေးသွားမှန်းမသိ ခွေးတေလည်းကြောင်နောက်လိုက်သွားရော ငါလည်းလက်ကဆူးခနဲ့ နေတော့ကြည့်လိုက်တာ ကြောင်ခြစ်ရာတေဘယ်လပွဖြစ်နေတာ ဟီးဟီး အ့တာနဲ့ ဆေးခန်းကိုသွားပီးပိုးသတ်ဆေးသွားထိုးတာ လမ်းမှာ ညှပ်စိဆီက သုံးထောင်ချေးပီး ဟွန့် ငါကတထောင်လောက်ပဲ ယူမယ်ထင်တာ အ့ဆေးခန်းက သုံးထောင်တောင်တောင်းတာကွ"
"ကျစ်!! မင်းဟာလေ မတော်လို့သစ်ပင်ပေါ်ကပြုတ်ကျရင် ဘယ်လိုလုပ်မလဲ ခွေးကိုက်မခံရတာလည်းကံကောင်းတယ်မှတ် ခုရော လက်ကဘယ်လိုနေသေးလည်း"
"လက်ကကောင်းသွားပါပီ ဒီမှာကြည့်လေ အမာရွတ်တောင်သိပ်မရှိတော့ဘူး"ဟုဆိုကာ လက်ရှည်အင်္ကျီစကို လှန်ပြကာ မြင်လိုက်ရသောလက်ဖွေးဖွေးလေးမှာ ကုတ်ရာရေးရေးလေးထင်ကျန်နေသေးသည်
"နောက်တခါဂရုစိုက် သွင် ငါမင်းခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတေ မြင်ရတာ မကြိုက်ဘူး"
"အင်းပါ အင်းပါ"

𝐼𝑓 (အကယ်၍သာလျှင်)Where stories live. Discover now