Part 5❣️

45 5 0
                                    

Unicode

"ဆရာမ ဒီအတန်းထဲမှာ သော်ကမှူးသွင် ရှိလားဗျ"
"အေး ရှိတယ် ဘာလို့လဲသား"
"ဟုတ် သော်ကမှူးသွင် ကိုကျောင်းအုပ်ကြီးခေါ်ခိုင်းလိုက်လို့ပါ"

"ကဲ သား သော်က ရုံးခန်းကိုခဏလိုက်သွားလိုက်ပါဦး"
"ဟုတ် ဆရာမ"

ကျောင်းအုပ်ရုံးခန်းဝယ်

"ဒီက သားကို ဆရာမကြီးတို့ ထူးချွန်စာမေးပွဲဖြေခိုင်းမလို့ သားက နှစ်တိုင်းအမှတ်ကောင်းကောင်းနဲ့ ပထမအမြဲရနေတာ ဖြစ်နိုင်ရင် ခုစားမေးပွဲကိုဖြေစေချင်တယ် သားရမယ်လို့လည်းယုံကြည်တယ်လေ သားသဘောကရော"
"ဟို အ့ထူးချွန်စာမေးပွဲက ဘယ်တော့လောက်ဖြေရမှာလဲ ဆရာမကြီးဗျ "
"နောက်လ လပတ်စာမေးပွဲပြီး တပတ်ကြာ ဖြေရမှာသားရဲ့ သိပ်လည်း အထူးတလည် စာပိုလုပ်စရာ မလိုဘူးလေ ဒီတိုင်းသားဖြေနေကြ စာမေးပွဲ တေလိုပဲပေါ့"
"ဟုတ် သားဖြေပါ့မယ်"
"ဟုတ်ပီ သား ဆရာမကြီး စာရင်းထည့်လိုက်တော့မယ် အော် ဒါနဲ့ဒီစာမေးပွဲမှာ သားနိုင်ငံအဆင့် ပထမဆုရရင် ဝန်ကြီးကိုယ်တိုင် သားကိုပညာသင်ထောက်ပံ့ကြေးပေးမှာသားရဲ့ ကြိုးစားနော်"
"ဟုတ် အကောင်းဆုံးကြိုးစားဖြေပါ့မယ်ဗျ"
"အေးအေး သား သွားလို့ရပီ"
"ဟုတ်ကဲ့ ဆရာမကြီး ခွင့်ပြုပါဦးဗျ"

"သွင် မင်းကို ကျောင်းအုပ်ကြီးဘာလို့ခေါ်တာလဲ"
"ငါ့ကို ထူးချွန်စာမေးပွဲ ဖြေခိုင်းမလို့ပြောတာ"
"အ့တော့ မင်းကဖြေမှာပေါ့"
"ဒါပေါ့ အတွေ့အကြုံလည်းရတယ်လေ ဖြေကြည့်လိုက်မယ်"
"အင်း ညဘက်တေအရမ်းဉာဉ့်နက်အောင်လည်း စာတေလုပ်မနေနဲ့ဦး"
"အွန်းပါ"

***************

နောက်ဆုံးတော့ လပတ်စာမေးပွဲကြီးလည်းဖြေပီးသွား၍ ကျောင်းသားများ သီတင်းကျွတ်ပိတ်ရက်ဝယ် အတိုးချအနားယူနေကြလေသည်။ ထူးချွန်စာမေးပွဲဖြေရန် အပြင်းအထန် ကြိုးစားနေသော ကျောင်းသားလေးကတော့ ထိုထဲတွင်မပါခဲ့ပေ။

"ဘယ်လိုလဲ သွင် မနက်ဖြန်ဖြေဖို့အတွက် ready ပဲလား"
"အင်း ဒါမယ့် ငါစိတ်တေလှုပ်ရှားနေတယ်"
"ဘာမှ စိတ်မလှုပ်ရှားနဲ့ မနက်ကြ ငါပါလိုက်ခဲ့မှာ မင်းဖြေပီးသည်ထိ ငါအပြင်မှာ စောင့်နေပေးမယ်လေ"
"တကယ်လား နိုက် အဲဒါဆိုလိုက်ခဲ့ပေးရမယ်နော်"
"အွန်း ဪ ဒါနဲ့ မင်းကိုပေးစရာရှိတယ်"
"ဘာကြီးလဲ"
"ရော့ ငါမင်းအတွက်တပတ်အဓိဋာန် ဝင်ပြီးဆုတောင်းထားတဲ့လက်ပတ်ကြိုး အ့ဒါလေးက မင်းကြောက်တာတေ၊စိတ်လှုပ်ရှား‌တာတေ ကင်းဝေးပီး ချော့ချော့မွေ့မွေ့ဖြေနိုင်လိမ့်မယ်"
"ဟမ်!! နိုက် ဟုတ်ရောဟုတ်လို့လား မင်းက တစ်လ ကြာလို့မှ တစ်ခါတောင် ဘုရားပုံမှန် မရှိခိုးတဲ့ကောင်က အဓိဋာန် ဝင်တဲ့ဆိုတော့"
"မင်းအတွက်ပဲ ငါတတ်နိုင်းတဲ့ဘက်က ကူညီတာလေ"
"ဟုတ်ပါပီ ငါပတ်လိုက်ပါ့မယ်"
"အင်းးအ့ဒါဆို ငါပြန်ပြီ"

𝐼𝑓 (အကယ်၍သာလျှင်)Where stories live. Discover now