Part 2❣️

27 6 0
                                    

Unicode

ခွမ်းးး!!

"အယ် သား နိုက် ဘာဖြစ်တာလဲကွယ် ရှသွားသေးလား"
"ရတယ် အန်တီလေး ကျွန်တော် ဘာမဖြစ်ပါဘူး လက်ချော်သွားလို့ နေနေ ကျွန်တော် သိမ်းလိုက်မယ်"
နိုက် ကျောင်းမှပြန်လာပီးထဲက သူ့စိတ်ထဲ တစုံတစ်ယောက်စီသာ စိတ်ရောက်နေမိ
"ကျစ်! ငါသွားတောင်းပန်ရမလား ခုလောက်ဆို သူစာလုပ်နေမှာ
အာ..ငါဘာလို့တောင်းပန်ရမှာလဲ ခါတိုင်းလည်း ခုလိုအမြဲသူစိတ်ကောက်တတ်တာပဲလေ မနက်ဆို သူစိတ်ပြေလောက်မှာပါ ဒါမယ့် ခုတခါက ငါသွားစွပ်စွဲ သလိုများဖြစ်သွားသလား သူ ငါ့ကိုမုန်းများသွားပီလားး ငါ့ ငါ့ကို မခင်တော့ရင်ရော ဟာကွာ....."
နိုက် ထမင်းစားပီး အပေါ်ထပ် တက်ကာ သူ့အခန်းထဲ စာကြည့်စားပွဲမှာ ထိုင်၍ တွေးတောကာ စိတ်ညစ်နေသည်
"တော်ပီကွာ အိပ်တော့မယ် မနက်ထိ သူစိတ်ကောက်နေလည်း ဖက်နမ်းပစ်လိုက်မယ် အ့ဆို သူစိတ်ဆိုးပြေလောက်မှာပါ ဟုတ်တယ် ဟုတ်တယ်"
ငယ်ငယ်ထဲက နိုက် က သော်ကမှူးသွင် ကိုအမြဲစ တတ်သည် တနေ့ သူတို့ သုံးနှစ်အရွယ်လောက်ပေါ့
"တွင်"
"ဘာယဲ"
"နာ့ကို ညကယေ တရဲကြီးက လာကြောတာကွ
မင်းရဲ့ တူငယ်ဂျင်း တယောက်ကို ငါစားမယ်တဲ့"
"ဟင် ညိုက် ကဘာပြန်ကြောလိုက်ယဲဟင်"
"ဟုတ် တရဲကြီးဂျ တားမှာ တူငယ်ဂျင်းဆိုရို့ 'တော်ကမူးတွင်' ရှိပါတယ် တူ့ကိုစားပါယို့ပေါ့"
"ဟင့်...ဗြဲ!!!! ညိုက် စိတ်ပုတ်တယ် မင်းကိုခေါ်တော့ဘူး တွား တွားး ငါ့နားမရာနဲ့ ဗြဲ!!"
"ဟာ မငိုနဲ့ယေ နာက စနေတာပါ ဟီးဟီးး"
"တကယ်ရားး စ နေတာဆိုတာ"
"အင်း"
"နောက်တခါ မစ နဲ့ နာမကြိုက်ဘူး"
"အင်းပါ တိတ်တော့နော်"
"နာ့ ကိုနမ်း"
"ဟမ်!!ဘာယို့ယဲ"
"မေမေ က ဟိုးနေ့က နာချောယဲလို့ ငိုတာကို တားယေး မငိုနဲ့ ဆိုပီး နာ့ပါးကိုနမ်းတာ အ့တာနဲ့ မေမေ ဘာယို့ နမ်းတာယဲမေးတော့ မေမေ
နမ်းလိုက်ရင် သားလေးမျက်ရည်တေ ကြောက်တဲ့စိတ်တေ နာကျင်မှုတေ ထွက်ပြေးသွားအောင်လို့ပေါ့ တဲ့ အ့ကြောင့် နာ မင်း စ လို့
မျက်ရည်တေယဲထွက်နေပီ ကြောက်ယဲ ကြောက်နေပီ နာ့ကိုနမ်းပါနော် ဒါမှ နာ မကြောက်တော့မှာ ဟင့်...မင်းမနမ်းရင် ငါ ခေါ်တော့ဘူးနော် ဟင့်..."
"ရွှတ်! ရပလား မကြောက်နဲ့တော့နော် နောက်ခါ မင်းငါ့ကိုမခေါ်တော့ရင် နာအမြဲနမ်းပေးမှာဘာ "
အတိတ်က လူလည်ကျစွာ ခုချိန်ထိတိုင် အမြဲ စ နောက်၍ စိတ်ကောက်ချိန်တိုင်း နမ်းချင်နေတဲ့ ကောင်လေးရှိသလို ကိုယ်တိုင်လည်း အံ့ဩပီး ငါဘာလို့ အ့လိုပြောခဲ့မိရတာလဲ ဆိုပီး နောင်တ
ရစွာ လာနမ်းမယ်ကြံတိုင်း အမြဲစိတ်ဆွဲတတ်တဲ့ကောင်လေးလည်းရှိသတဲ့....

𝐼𝑓 (အကယ်၍သာလျှင်)Where stories live. Discover now