အဖြူရောင်ဟာစွန်းထင်းသွားခဲ့သည်။
မျက်နှာပေါ်နေရောင်ထိုးနေတာကြောင့် လက်ဖြင့်ကာလိုက်ကာ တစ်ဖက်လှည့် လိုက်သည့်အခါ ဂုတ်ပိုးမှ
တဆစ်ဆစ်ကိုက်နေသည်ကို
သတိထားမိသွားသည်။မနေ့ကလောက်မကိုက်တော့ပေမယ့်
နာနေသေးသည့် ဂုတ်ပိုးကြောင့်
ဆက်အိပ်၍မရတော့သည်မို့
အားယူကာ ထလိုက်သည်။
ဖုန်းကိုဆွဲယူကာ နာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီ။Jeonသည် ရေချိုးခန်းထဲသို့
ဝင်သွားပြီး အတန်ကြာသည့်အခါ
ပြန်ထွက်လာခဲ့သည် ။ ရေချိုး၊အဝတ်စားလဲပြီးနောက် နေထိုင်ရသက်သာလာပြီး နည်းနည်းလန်းလန်းဆန်းဆန်း
ဖြစ်လာသည် ။ ဂုတ်ပိုးမှ Glandကလည်း သိပ်မနာတော့သည်မို့ မနက်စာစားရန်ကြံလိုက်သည်။ ဖုန်းကိုဆွဲယူကာ
ဘောင်းဘီ အိပ်ကပ်ထဲထည့်ပြီး
အောက်ထပ်သို့ဆင်းလာသည်။
ထိုအချိန်ထိ Sunရဲ့ မက်ဆေ့စ်ကို
သူမတွေ့ခဲ့ပေ ။"Jeonငယ် နိုးလာပြီလား..
သက်သာရဲ့လား""ဟုတ်..သက်သာပါတယ်"
သခင်လေးMinဟာ Jeonအတွက်
ကော်ဖီငှဲ့ပေးပြီး မုန့်ပန်းကန်အား
ရှေ့သို့တိုးပေးသည်။"မနက်စာစားလိုက်ဦး.."
"အဖေရော.."
"မင်းအဖေက Company သွားပြီ
အစည်းအဝေး ရှိလို့တဲ့..ဒါနဲ့
မင်းရဲ့သူငယ်ချင်း Sunကမနေ့က
အိမ်ပြန်မလာလို့တဲ့ Mr.Jungက
ဖုန်းဆက်မေးသေးတယ်
Jeonငယ်ဆီမှာလားတဲ့""Sunက အိမ်ပြန်မလာဘူး ဟုတ်လား"
"ဟုတ်တယ် အခုတော့ဖေဖေလေးလည်းမသိဘူး
မနေ့ကဖုန်းဆက်မေးတော့
Jeonငယ်နဲ့အတူရှိမနေဘူးလို့
ဖြေလိုက်တယ်"Jeonရင်ထဲစိုးရိမ်ထိတ်ပြာသွားသည်။
Sunက သူ့ဆီမလာရင် တခြား
ဘယ်သူ့ဆီသွားစရာရှိသေးလို့လဲ..။Sun က အိမ်ပြန်မလာဘူးဆိုရင် အမြဲအိမ်ကိုဖုန်းဆက် ပြောတတ်တဲ့သူပါ။ ညဘက်တွေ အိမ်ပြန်မလာတတ်တဲ့သူလည်း မဟုတ်ဘူး။Jeonက Sunအားဖုန်းဆက်ဦးမည်
ဟူသော အကြံဖြင့် ချက်ချင်းဖုန်းကိုထုတ်ကြည့်လိုက်သည်။ မြင်လိုက်ရတဲ့ message ကြောင့် သူသွေးစောင့်တက်သလို ဖြစ်သွားရသည်။
YOU ARE READING
ᗰᗩGᑎET (Completed)
Fanfictionမာနတွေ ပြိုင်ကြရင်း... ခါးသက်လွန်းတဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုစွဲလမ်းမိသွားခဲ့တော့... မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့ <( ̄︶ ̄)> ABO World M preg Fantasy Fanfiction KooKmin Start -2021 November