ပြန်လည်ဆုံတွေ့ပြီ
"Sun မင်းဘာဖြစ်လို့လဲ
ရေချိုးခန်းထဲ
ဝင်သွားတာ ၁နာရီလောက်ကြာနေပြီနော်"မနက်နိုးနိုးချင်း ရေချိုးခန်းထဲ ပြေးဝင်သွားသော Sun က အတော်ကြာတဲ့အထိ ပြန်မထွက်လာတာသေးပေ။ ထို့ကြောင့် စိတ်ပူ၍ လှမ်းအော်မေးလိုက်တော့..
"ငါရေချိုးနေတယ် ဂျွန်ဂျောင်ဂုရေ..
မင်းဘယ်လိုဖြစ်နေတာလဲ ""ငါကစိတ်ပူလို့မေးတာပါကွာ..
မြန်မြန်ချိုး ဖျားမယ်..""အင်းပါကွာ.."
Sunက ကျန်းမာရေး ချူချာတယ်..
ဖျားလွယ် နာလွယ်.. ။
ကိုယ့်ကိုကိုယ်လည်း ဂရုမစိုက်
လုပ်ချင်ရာကိုဇွတ်လုပ်
တတ်သေးတယ်။ Sunက အနေအေးပေမယ့် ပြန်မပြောနားမထောင်မို့ ပြောရဆိုရသိပ်ခက်တယ် ။"သားငယ်...လျှောက်မသွားနဲ့နော်"
အိပ်ယာပေါ်က ဒိုင်နိုဆောရုပ်လေးကိုကိုင်ကာ ဆော့နေသော သားငယ်ကို
လှမ်းပြောလိုက်ပြီး အလုပ်လုပ်ရန်
Computerရှေ့၌ဝင်ထိုင်လိုက်သည်။seokieလေးက Sunနဲ့တထေရာတည်းတူလိုက်တာမှ ဘယ်တော့မှ ပြောစကားဆိုနားမထောင်။
အခုလည်း ကိုယ့်မှာ အနောက်က
ကုတင်ပေါ်က seokieလေးကို
လျှောက်သွားမှာစိုးလို့ လှည့်ကြည့်လှည့်ကြည့်နှင့် အလုပ်လုပ်ရတာက မဖြောင့် ။ကလေးသဘာဝအတိုင်း နေရာသစ်ရောက်လာတော့ ဟိုစူးစမ်း ဒီစူးစမ်းနဲ့ စပ်စပ်စုစု လျှောက်သွားတတ်တာမို့
သတိထားနေရသည် ။
ကိုယ်တွေနေသည်က အိမ်အပေါ်ထပ်ဖြစ်တာကြောင့်
လှေကားတွေလည်းရှိတာကြောင့်
ကလေးချော်ကျသွားမှာကို
အထူးသတိပြုရသည် ။"Kookieရေ သားညီကို ကြည့်ဦးနော်"
"ဟုတ်..."
ကလေးတွေက အသက်ကမတိမ်းမယိမ်းပါဘဲ ။ Kookieလေးက အကြီးဆိုပေမယ့် အရမ်းအနေအေး တယ်..။ အငယ်လေးကတော့ အဆော့မက်တယ်။Kookieလေးက ကိုယ်နဲ့ ရုပ်လေးကအစတူပြီး seokieက sunရဲ့အကျင့်လေးသာ တူတယ် ။
" Jungkook ငါကလေးတွေကို
ကုန်တိုက်လိုက်ပို့ ချင်လို့..မင်းလိုက်မှာလား"
YOU ARE READING
ᗰᗩGᑎET (Completed)
Fanfictionမာနတွေ ပြိုင်ကြရင်း... ခါးသက်လွန်းတဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုစွဲလမ်းမိသွားခဲ့တော့... မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့ <( ̄︶ ̄)> ABO World M preg Fantasy Fanfiction KooKmin Start -2021 November