အပိုင်း ၂၇

20.8K 1.5K 250
                                    

ကလေးကိုမဖျက်ချခဲ့ဘူး

ပင်ပန်းသွားလို့ အိပ်ပျော်သွားတဲ့
အိုမီဂါငယ်လေးရဲ့ လက်ကိုဆေးထည့်ပြီး ပတ်တီးစီးပေးပြီးနောက်
စောင်လေးသေချာခြုံပေးကာ
အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အိပ်ပျော်သွားတာ တော်သေးတယ်။ မဟုတ်ရင် ထပ်ပြီးသူခံစားနေရအုံးမှာ။

လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက
အမြဲခြေရာဖျောက်ပြီး ထွက်ပြေးနေလို့
ကင်ထယ်ယောင်း လိုက်ရှာပြီး
ဖမ်းချုပ်ထားတာကလည်း
အမြဲကိုယ့်ကိုကိုယ်သတ်သေ ဖို့ကြိုးစားလို့ ဖြစ်နိုင်တယ် ။
ဒီအတိုင်းဆိုရင် သူ့ရဲ့အိုမီဂါလေးကို
လွှတ်ထားလို့မဖြစ်တော့ပေ..။
အမြဲတမ်းစောင့်ကြည့်နေမှ ဖြစ်မယ်..။

"အစ်ကိုလေး ဆင်းလာသေးတယ်နော်"

"အော်..Sun"

"သတိရသေးလို့တော်ပါသေးတယ်.."

မျက်စောင်းတထိုးထိုးဖြင့်ပြောနေသည့်
Sun ကြောင့် သူရယ်မိလိုက်သည် ။

"ဂျွန်ဂျောင်ကုတို့များ ခရီးသွားတဲ့ ၃၊၄ ရက်လောက်ကို ပြန်လည်းရောက်လာရော မျက်နှာကြီးကို ဖြီးလို့"

"ဟားဟား Sun ရယ် မင်းကလည်းကွာ"

"မင်းကလည်းကွာ မနေနဲ့..
ငါမနက်တည်းက မင်းတို့အခန်းရှေ့က
မကြားသင့်တဲ့အသံတွေကြားပြီးပြီ။
ဘယ်လိုလဲ တော်တော့်ကို အခြေအနေဟန်နေပြီလား.."

ပြုံးစစနှင့် Sun ကမေးလာတော့
Jeon မှာ မျက်ကြောမသတ်နိုင်တဲ့အထိ
ပြုံးဖြီးနေတော့သည် ။

"ငါ့ဘက်ကတော့ ချစ်မိနေပြီ..။ ငါဒီစကားကို လွယ်လွယ်နဲ့ပြောတာ မဟုတ်ဘူးနော်။ ငါ့ဘက်က ကိုယ့်ကိုယ်ကို စမ်းစစ်ပြီးသေချာမှ ပြောတာ။
သူ့ဘက်ကတော့ မသိသေးဘူး"

"အယ့်လယ့် ငါ့ကောင်ကြီးအရင်တုန်းကတော့
သတ်မယ် ပုတ်မယ် ဆိုပြီး  ​အတင်းတွေငြင်းနေပြီးတော့
အခုကြတော့ တမ်းတမ်းစွဲနေပြီလား.."

"အရင်ကနဲ့ဘယ်တူမလဲကွ
အခုက သူ့ပုံစံလေးကိုပဲချစ်လာမိတာ"

"သူ့ဘက်က ပြန်ချစ်လာအောင်
မြန်မြန်ကြိုးစားပြီး လက်ထပ်လိုက်ကြတော့ kookieလေးလည်း ၄နှစ်ပြည့်တော့မယ်။ သူ့အဖေအရင်းက ဘယ်သူပါဆိုပြီး အတည်တကျချပြထားမှ တော်ရာကြမယ် ဂျောင်ကု..
ကလေးကအသက်ကြီးလာမှဆိုရင်
အတွေးတွေများကုန် လိမ့်မယ် "

ᗰᗩGᑎET (Completed)Where stories live. Discover now