နားမလည်ခဲ့တဲ့အကြည့်လေးရဲ့အဓိပ္ပာယ်
"ဟျောင့်တွေ မင်းတို့ အခုဟိုသတင်းကြားကြသေးလား.."
"ဘာသတင်းလဲ"
"Alpha တွေအုပ်စုဖွဲ့လိုက်ကြီး...အားးးပြောရင်း ကြက်သီးထတယ် "
သူ့စကားကြောင့် အေးရာအေးကြောင်း နားကြပ်နဲ့သီချင်းနားထောင်နေသည့် ဂျောင်ဂုပင် လှည့်ကြည့်လာသည်။ အားလုံးကလည်း စိတ်ဝင်တစား ဝိုင်းဖွဲ့လာပြီး သူ့စကားကို နားစွင့်စောင့်ဆိုင်းနေကြသည်။
အမှန်ဆို သူတို့အားလုံး တစ်စွန်းတစ်စတော့ ထိုသတင်းကြားဖူးကြပြီးပြီ။ သို့ပေမယ့် မည်သူမှတိတိကျကျမသိကြသေးတာကြောင့် သတင်းအသစ်ကို စောင့်မျှော်နေကြကာ သိချင်နေကြသည်ဖြစ်၏။
"ဂယိုဟန်း ကျောင်းလေ..သိတယ်မလား..Alpha သီးသန့်ကျောင်း၊ အဲ့ဒီကျောင်းက caseကစတာ..အခုနောက်ပိုင်းနာမည်ကြီးလာတဲ့ Alphaအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ကြတာလေ။ ဂယိုဟန်းကျောင်းက Alphaကျောင်းသားတစ်ယောက်က ညပိုင်းကျူရှင်တက်ပြီး ပြန်အလာမှာ ပျောက်သွားတာတဲ့။ နောက်နေ့တွေ့တော့ တစ်ကိုယ်လုံး ရစရာမရှိအောင် လုံးဝဆိုးဆိုးရွားရွားပဲ။ ရဲတွေစစ်ဆေး မေးမြန်းတော့ Alphaအယောက်၃၀လောက်ရှိတဲ့ အဖွဲ့က သူ့ကိုအတင်းဖမ်းသွားပြီး ဟိုလိုလုပ်ကြတာကွာ...အီးးး ။ ချီးးး ငါအပြင်မသွားရဲတော့ဘူး.."
သူ့စကားလည်းဆုံးရော နားထောင်နေကြသည့် အယ်လ်ဖာတွေအကုန်လုံး မျက်နှာရှုံ့မဲ့သွားကြသည်။ ဂျောင်ဂုတောင် အင်တင်တင်ဖြစ်သွားပြီး ညဘက်ကျူရှင်အတန်းဖျက်ရန် ဆုံးဖြတ်လိုက်သည်။
Alpha တစ်ယောက်က အင်အားကြီးမားတာမှန်တယ်။ ဒါပေမယ့် Alphaတစ်ယောက်နဲ့ Alpha အယောက်၃၀လေ..ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်တာ အကောင်းဆုံးပဲ။ သတိက ပိုတယ်လို့ရယ်မှ မရှိတာ။ ပြီးတော့ ကိုယ်ညှိထားတဲ့လူတွေက အများကြီး။
"အဲ့အနိုင်ကျင့်ခံရတဲ့ Alphaက အဲ့ဒီAlphaတွေနဲ့ ပြဿနာတက်ပြီး ညှိဖူးတဲ့လူတဲ့"
YOU ARE READING
ᗰᗩGᑎET (Completed)
Fanfictionမာနတွေ ပြိုင်ကြရင်း... ခါးသက်လွန်းတဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုစွဲလမ်းမိသွားခဲ့တော့... မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့ <( ̄︶ ̄)> ABO World M preg Fantasy Fanfiction KooKmin Start -2021 November