Glandကိုထပ်မံကိုက်ဖောက်လိုက်တဲ့ Alpha
ဘဝရဲ့ပင်ပန်းခက်ခဲမှုတွေကို
အလုံးစုံ ဖြတ်ကျော်လာပြီးတဲ့နောက်
ဘယ်တော့များ အေးချမ်းတဲ့အချိန်ကို
စောင့်မျှော်ရင်းနဲ့ပဲ
ဒုက္ခတွေကို ဆက်ပြီး ဖြတ်ကျော်နေခဲရသည် ။အေးချမ်းလာမယ့် တစ်နေ့ကိုလည်း
ဆက်ပြီး စောင့်မျှော်နေမိပြန်တယ်..။
တကယ်တော့ လူရယ်လို့
ဖြစ်လာရင် လောကဓံကို
ရှောင်လွှဲလို့မှမရတာ...။
ထိုလောကဓံတွေ ကြုံတွေလာချိန်မှာ ငယ်ဘဝကိုသာ
ပြန်လည် လိုချင်မိသည် ။
ငယ်စဥ်အချိန်တုန်းက အပူအပင်မရှိ
နေခဲ့တယ်..အသက်အရွယ်
ကြီးမြင့်လာတာနဲ့အမျှ အပူအပင်တွေက တဖြည်းဖြည်းတိုးလာခဲ့ပေမယ့်
လွန်ခဲ့တဲ့ ၄နှစ်အချိန်ကလောက်တော့
ဖိအားမများခဲ့..။အကြိမ်ကြိမ် ငိုခဲ့ရတဲ့ညတွေ ၊
သတ်သေချင်ခဲ့တဲ့ အချိန်တွေ ၊
အသက်ဆက်ရှင်သန်ဖို့ကို
လက်လျှော့ဖို့ ကြိုးစားခဲ့တဲ့အချိန်တွေ၊
အပြင်ဒဏ်ရာထက် နှလုံးသားက
ဒဏ်ရာတစ်ခုကြောင့်
ရင်ကွဲခံစားခဲ့ရတဲ့အချိန်တွေက
လောကရဲ့ အပြင်းထန်ဆုံးရိုက်ခတ်မှု တွေဖြစ်ခဲ့သည် ။အားငယ် မှုတွေ ၊ သိမ်ငယ်မှုတွေ ၊
ဝမ်းနည်းမှုတွေ ကြုံလာတိုင်း
ဘေးနားမှာ အမြဲအားဖြည့်အဖော်ပြုပေးတဲ့သူကဂျောင်ဂု တစ်ယောက်တည်းသာ ။ ကိုယ့်ဗိုက်ထဲက ကလေး သူ့ရဲ့သွေးသားအရင်း
မဟုတ်ပေမယ့်လည်း သူသိပ်ကို
ချစ်ပေးခဲ့တာ ။လက်ထပ်ထားပေမယ့်လည်း
ဂျောင်ဂုက Sunလေး
Heatဝင်တဲ့အချိန်မှာတောင် အမြဲ
ရှောင်ပေးခဲ့တယ် ။ လွန်ခဲ့တဲ့၄နှစ်တာ ကာလပတ်လုံး Sun ကို လက်ဖျားနဲ့ထိဖို့တောင် မကြံရွယ်ခဲ့သည့်သူ ။mate omega ရှိလျက်နဲ့ သူ့ပေါင်းသင်းထားတာကြောင့်
ပတ်ဂျီမင် ကို Sunက အမြဲအားနာနေခဲ့သည်။အမှန်တကယ်ဆို ဂျောင်ဂုက
ဒီထက်ကောင်းမွန်တဲ့ဘဝကို
ပိုင်ဆိုင်နေရမှာဟု သူတွေးမိသည်။
ပတ်ဂျီမင် နဲ့ ဂျောင်ဂုနဲ့ လိုက်ဖက်တဲ့စုံတွဲတွေလို့စိတ်ထဲအလိုလို ထင်မြင်မိရင်း ဂျီမင်အိမ်သို့ရောက်လာလျှင်လည်း သေချာပေါက်အောင်သွယ်ပေးရန် ကြံရွယ်ထားလေသည်။
BẠN ĐANG ĐỌC
ᗰᗩGᑎET (Completed)
Fanfictionမာနတွေ ပြိုင်ကြရင်း... ခါးသက်လွန်းတဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုစွဲလမ်းမိသွားခဲ့တော့... မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့ <( ̄︶ ̄)> ABO World M preg Fantasy Fanfiction KooKmin Start -2021 November