Seokieနဲ့ Kookie
၄နှစ်ကြာသောအခါ...
"seokieလေး လာလာ အားပါးဆီကို"
"အာ..ပါး"
လှုပ်စိလှုပ်စိ လေးပြေးထွက်လာပါသော၃နှစ်အရွယ်ကလေးငယ်လေး..။
အဖေဖြစ်သူမှ
အဝါရောင်ဝမ်းဆက်အကျီလေးဝတ်ထားသော ကလေးငယ်လေးကို
ပွေ့ချီလိုက်ပြီး
ချစ်စနိုးဖြင့် ဖြူဖြူဖောင်းဖောင်းပါးပြင်လေးကို
နစ်ဝင်အောင် တဖွဖွနမ်းတော့သည်။"အာပါးရဲ့သားက ချစ်စရာကြီးကွာ
..ချစ်လိုက်တာ..ဟင်..seokieလေး""ခစ်..ခစ်..အာပါး တော်..တော့"
မပီတပီ စကားပြောစရှိနေသည့်
သားလေးကို အချစ်ပိုရလွန်းပါသည်။"သားဒယ်ဒီရော "
"လာပီ.."
ကလေးလေးရဲ့စကားလေးအဆုံး
ဒယ်ဒီဖြစ်သူဟာ ကလေးငယ်တစ်ယောက်ကို
လက်တစ်ဖက်ဖြငင့် ပွေ့ချီကာ ကျန်လက်တစ်ဖက်က
ခရီးဆောင်အိတ်ကို ဆွဲရင်း
လှမ်းလာသည်။
သူက သေချာပေါက် Jungkookပေါ့ ။
မြင့်မားသော အရပ်နှင့်လိုက်ဖက်သော
Style pantsအနက်ရောင် ဘောင်းဘီအရှည်ကို
ဝတ်ဆင်ထားသည်မို့ သူ၏ခြေတံရှည်ရှည်တို့က
ထင်လင်း၍ခန့်ညားစွာ မြင်သာနေသည်။အသက်အရွယ်အားဖြင့် ၂၅ နှစ်ကျော်လာလေပြီမို့ Jungkookဟာ
အရင်ကထက် ဝတ်ပုံစားပုံသေသတ်လာပြီး တည်ငြိမ်လာသည်။
အညိုရောင် ပြောင်အကျီကို လက်တစ်တောင်ဆစ်လောက်ထိ
ခေါက်တင်ထားသောသူက
လူကြီးလူကောင်းဆန်ဆန် လမ်းလျှောက်လာမှာလည်း စမတ်ကျနေလျက် ။
လက်ကတက်တူးကလည်း အထင်သား..။နက်မှောင်နေသော ဆံသားတို့အား
သပ်တင်ထားသော်လည်း
Eyebrow piercing ကိုတော့
ထပ်ဖောက်ထားသေးသည် ။ဖခင်တစ်ယောက်ဖြစ်လာပြီမို့
အနည်းငယ် တည်ငြိမ်ရင့်ကျက်လာသော်လည်း မကောင်းတဲ့အချက်တွေကတော့ အရင်နှစ်တွေကအတိုင်း ပြင်မရ ။ သို့ပေမယ့် အသက်အရွယ်အရ ရင့်ကျက်လာပြီး စဉ်းစားတွေးခေါ်လာတတ်ကာ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း ရှိနေပြီဖြစ်သည်။
မိုက်ကန်းကန်း လုပ်ချင်စိတ်လေးကတော့ မွေးရာပါမို့ ဖျောက်မရ ။
YOU ARE READING
ᗰᗩGᑎET (Completed)
Fanfictionမာနတွေ ပြိုင်ကြရင်း... ခါးသက်လွန်းတဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုစွဲလမ်းမိသွားခဲ့တော့... မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့ <( ̄︶ ̄)> ABO World M preg Fantasy Fanfiction KooKmin Start -2021 November