Part-3

339 26 0
                                    

Unicode

💓Poison Of Love💓
အချစ်၏အဆိပ်

Part- 3

Mew ရဲ့ ကွန်ဒိုက Gulf ပြန်လာပြီးနောက်ပိုင်း သူ့ဆီကို Mewဆက်လာတဲ့ဖုန်းတွေကိုမကိုင်ပဲ Gulfနေလိုက်သည်..

အချိန်၃ပတ်လောက် သူအေးအေးဆေး
ဆေးစဥ်းစားကြည့်လိုက်တော့ Mewကိုသူ လက်လွတ်မခံနိုင်တာကို သိလိုက်ရသည်...

ဒေါက်...ဒေါက်...

" ဝင်ခဲ့လေ "

Gulfတစ်ယောက် သူ့အဖေဦးအိုက်ထော်နဲ့ စကားပြောရန် တံခါးခေါက်လိုက်လေသည်...

" အော် သား ဘာပူဆာမလို့လဲ "

" ကျနော် ဒယ်ဒီ့ကို မေးစရာရှိလို့ "

" ဘာမေးမှာလဲ သား "

" အကယ်၍များ ကျနော်က ယောကျာ်း
လေးတစ်ယောက်နဲ့ ကြိုက်ခဲ့ရင် ဒယ်ဒီ
ခွင့်ပြုမှာလား "

" ဘယ်လို...ဘယ်လို Gulf မင်းပြောတာဒယ်ဒီ သဘောမပေါက်ဘူး "

" ဒီလိုလေ ကျနော်က မိန်းကလေးတွေကိုမကြိုက်ပဲ ယောကျာ်းလေးပဲကြိုက်
တယ်ဆိုရင် ဒယ်ဒီကန့်ကွက်မှာလား "

Gulf အထူးအဆန်းပြောလာတဲ့စကားကြောင့် ဦးအိုက်ထော် စဥ်းစားရကြပ်သွားလေသည်...

" ဒယ်ဒီ့ သဘောကတော့ ဘယ်မိဘမှ
ကိုယ့်သားသမီး စိတ်ဆင်းရဲတာကြည့်ချင်ကြမှာ မဟုတ်ဘူး ဒယ်ဒီကတော့ သားရွေးချယ်ထားတဲ့ လူကို ဒယ်ဒီလက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပေါ့ "

" တကယ်လား ဒယ်ဒီ ကျနော်ဆုံးဖြတ်
ချက်ကို ဒယ်ဒီ မကန့်ကွက်ဘူးပေါ့အဲ့လိုလား ဟုတ်လား "

" ဟုတ်တယ် ဒယ်ဒီခွင့်ပြုပေးမယ် ဘယ်
သူလဲ ပြောပါဦး "

" ဒယ်ဒီရယ် မလောပါနဲ့ ကျနော် မိတ်ဆက်ပေးဖို့ အချိန်ကျရင် မိတ်ဆက်ပေးပါ့မယ်"

" ဒါနဲ့ ဒယ်ဒီမေးချင်တာ တစ်ခုရှိတယ် "

" ဘာလဲ ဒယ်ဒီ "

" သား...သားက... "

သူ့ဒယ်ဒီမေးချင်တဲ့စကားကို ခန့်မှန်းမိ
တော့...

" ဒယ်ဒီ ကျနော် gay မဟုတ်ဘူး ကျနော်
ချစ်တဲ့သူက သူဖြစ်နေလို့ပါ "

Poison Of Love(အချစ်၏ အဆိပ်) Unicode/Zawgyi (Complete)Место, где живут истории. Откройте их для себя