Unicode
💓Poison Of Love💓
အချစ်၏အဆိပ်Part-4
Gulfက သူ့ကိုယ်သူတကယ်အသားနာ
အောင်လုပ်မယ်ဆိုတာ Mew သိထားလို့သူ ထွက်မပြေးပဲ ငြိမ်နေလိုက်တယ်သတိတစ်ချက်အလစ်ကို Mew ထွက်
ပြေးမယ်ဆိုပြီး တွေးထားလိုက်တာပေါ့...Mewတို့တွေ ကုတင်ပေါ်မှာ အိပ်စက်နေကြတာပေါ့ Mew သန်းခေါင်လောက်မှာနိုးလာတော့ သူထွက်ပြေးမယ်ဆိုပြီး ခြုံထားတဲ့စောင်ကို လှပ်လိုက်တဲ့အချိန်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် Mew အံ့ဩသွားမိတယ်...
အဲဒါကတော့ Mewခြေထောက်နဲ့ Gulfရဲ့ခြေထောက် တွဲပြီးသံကြိုးခတ်ထားတာကြောင့်ပေါ့....
ဟင်... ဒါဘာပါလိမ့် Gulfရာ မင်းတော့
ကွာ Mew ဒီလိုလုပ်လိမ့်မယ်မထင်ဘူး
ပေါ့...Gulf ခြေထောက်နည်းနည်းလှုပ်သွားတော့ဆတ်ခနဲထထိုင်လိုက်တော့တယ်...
" ဘာလဲ Mew မင်းထွက်ပြေးမလို့လား
ဒါတွေ ကြိုသိလို့ လုပ်ထားတာ "" Gulf ရာ မင်းဒီလောက်လုပ်ဖို့လိုလား
ငါ မင်းကိုမချစ်ပါဘူးပြောနေတဲ့သူကို
အနားမှာ ဘာလို့ ဆက်ခေါ်ထားနေရတာလဲ "" မင်းကရော ဘာလို့ ငါ့ကိုချစ်ဖို့ခက်ခဲနေရတာလဲပြော "
" ငါ အခုဆို မဂ်လာပွဲဖျက်တဲ့လူလို့ နာမည်ပျက်သွားပြီ နောက်ပြီး.... "
" ဘာလဲ Gay လို့ အတပ်ခံရလို့လား "
" ဟုတ်တယ်ကွာ...."
Gay လို့ အပြောခံရတာ ကျနော်မရှက်ပါဘူးဒါပေမဲ့မိဘတွေတင်းမာမှုတွေအောက်မှာ ကျနော်တို့တွေ ရှိနေတာမို့ ကျနော်ရဲရဲမချစ်ရဲဘူး...
" ငါပြောမယ် အခုလုပ်တဲ့ကိစ္စ ငါ့မိဘသိတယ် ငါမင်းကို ခိုးပြေးမယ်လဲ ပြောခဲ့ပြီးသား ဒယ်ဒီကို အရင်ဆုံးတိုင်ပင်ပြီးမှလုပ်ခဲ့တာ ငါ မိန်းကလေးမကြိုက်ဘူး မင်းကိုပဲ ကြိုက်တာလို့ ရဲရဲကြီး ရင်ဆိုင်ခဲ့တာမင်းကရောအဲ့လိုရင်ဆိုင်ခဲ့ရဲ့လား"
" ...... "
" မင်းမပြောနိုင်တော့ဘူးမလား ငါက
အချစ်အတွက် ရအောင်တိုက်ယူတယ်
မင်းကတော့.. "