Unicode
💓Poison Of Love💓
အချစ်၏အဆိပ်Part-12
တောက်.....
" ဖြည်းဖြည်းသောက်ပါ Mewရာ "
ကွန်ဒိုကထွက်လာပြီး Lhongတို့နဲ့တွေ့ပြီးအရက်တွေလှိမ့်သောက်နေတာပေါ့..
" မင်းစဥ်းစားကြည့် Lhong ငါသူ့ကိုစောက်ရမ်းချစ်လို့ သဝန်တိုမိတာအပြစ်
လားကွာ "" ဒါတော့ဒါပေါ့Gulf ကမင်းကိုချစ်ပြီးသားပါကွ ငါတု့ိတွေလဲသိတယ် အခုဟာကမင်းအထင်လွဲနေတာနေမှာ "
" ငါကွာ သူ့ဘေးနားမှာ ငါကလွဲတခြားသူမရှိစေချင်တာသူသိတယ် ဒါကို "
" မင်းကလည်း နားလည်ရမယ်လေပတ်
ဝန်းကျင်နဲ့ ပတ်သက်နေသ၍တော့ လူတိုင်းနဲ့တွေ့ကြုံဆက်ဆံနေရမှာ "" ငါ့ကိုဘာလို့လိမ်လဲ "
" မင်း ဒီလိုရစ်မယ်ဆိုတာသိလို့နေမှာပေါ့ကွာ မင်းကအရမ်းချုပ်ချယ်နေသ
လိုဖြစ်နေတယ် အချစ်ကြီးတာလျော့ကွာ အရမ်းချစ်လွန်းရင်လဲ အမုန်းဖြစ်သွားတတ်တယ်"" မသိဘူးကွာ သူအကပ်ခံတဲ့ကောင်ကသူ့အပေါ် မရိုးသားဘူးဆိုတာ သူမသိဘူး "
" မင်းပြောပြရမယ်လေ Mew "
" ငါပြောပြရင် သူကနားထောင်မယ်တဲ့လား Lhong မင်းလဲGulf
အကြောင်းသိပြီးသားပဲ အဲ့ကောင်က ရွဲ့ရင်ငါပဲခံစားရမှာ "" မင်းတို့ပြေပြေလည်လည် ပြောကြပေါ့
ကွာ ကြိုးကတင်းတိုင်းလဲမကောင်းဘူး
ပြတ်တတ်တယ်ကွ "Ring.....Ring.....
Lhong နဲ့စကားပြောနေကြစဥ် MewဆီကိုGulf ဖုန်းတွေဆက်တိုက်ဆက်နေတာကိုMewမြင်ပေမဲ့ မကိုင်ပဲပစ်ထားလိုက်တယ်...
"ဟေ့ရောင် Mew ဖုန်းလာနေတယ်လေ "
" သိတယ် Gulf ခေါ်နေတာ "
" ကိုင်လိုက်လေကွာ စိတ်ပူနေမှာပေါ့ "
" မကိုင်ဘူးကွာ လွှတ်ထားလိုက် ငါဒီနေ့အမှောက်ကိုသောက်မှာ "
" Mew မင်းကတော့ ပြောမရဆိုမရကွာ "
ဖုန်းတွေတောက်လျှောက်လာနေတာကို
Mewကလျစ်လျူရှုပေးမဲ့ ဘေးက
Lhongကတော့ အားတွေနာမိတယ်...