Part-13

256 23 3
                                    

Unicode

💓Poison Of Love💓
အချစ်၏အဆိပ်

Part-13

P'San ဆီက Mew သတင်းကြားပြီးGulfမျက်ရည်တွေဝဲနေမိတယ် သူ့အတွက်ငါကဘာမှမဟုတ်ခဲ့ဘူးလား သူမေ့နိုင်သွားရင်ငါလည်း မေ့နိုင်အောင်ကြိုးစားရတော့မှာပေါ့....

" ဟိတ် Gulf "

သူ့ပုခုံးကို လာပုတ်လိုက်တဲ့Jeen
ကြောင့်Gulf စဥ်းစားနေတာကို ရပ်တန့်လိုက်တော့သည်...

" အော်... Jeen "

" ဘာတွေစဥ်းစားနေပြန်ပြီလဲ "

" ဒီလိုပါပဲ "

" ငါသိတယ် Mew အကြောင်းလား "

" ငါနဲ့သူ မဆိုင်တော့ပါဘူး ဒီနေ့သူစေ့စပ်တယ်တဲ့ "

" ဟယ်...ဟုတ်လား နင်အရမ်းချစ်တာငါသိတယ်လေ ဘာလို့လဲ နင်ဒီအတိုင်းပဲသူ့ကိုလွှတ်ပေးတော့မှာလား "

" ငါအရင်တစ်ခေါက်လို သူ့ကိုခိုးဖို့အဆင်မပြေနိုင်တော့ဘူး သူငါ့ကိုမုန်းနေလောက်ပြီလေ "

" နင်ကရော သူ့ကိုပြတ်နိုင်လို့လား "

" ငါမေ့နိုင်အောင် ကြိုးစားနေပါတယ် သူငါ့ကိုသာ နည်းနည်းလောက်ယုံကြည်ပေးခဲ့ရင်ငါသူ့လက်ကိုဆွဲထားမိမှာ အခုတော့"

" Gulf ငါ တကယ်စိတ်မကောင်းပါဘူးနင်တို့ဖူးစာမှန်ခဲ့ရင် ပြန်ဆုံမှာပါဟာ "

" ထားပါ နင်ရော P'Sanနဲ့ ဘယ်တော့လက်ထပ်ကြမှာလဲ "

" နင့်အကိုက အချိန်ဆွဲနေတာကို ငါကဘယ်လိုသွားပြောရမှာလဲ "

Gulf စင်ကာပူကိုစရောက်တော့ရုံးခွဲကကိစ္စအဝဝကိုJeenကပဲလိုက်လံရှင်းပြပေးခဲ့တာ P'Sanကလည်း သူ့ကိုစိတ်မချလို့လာရင်း Jeenနဲ့ P'San ချစ်သူတွေဖြစ်အောင် Gulf လှော်ပေးခဲ့တာပေါ့...

ရာသီတွေ ကုန်ဆုံးသွားခဲ့ပေမဲ့Mewတစ်ယောက်သောသူကိုရင်ထဲမှာသိမ်းဆည်းပြီးနေလာခဲ့တယ် နာမည်ကြားရင်ပိုသတိရလာတာမို့ မတွေးမိအောင်Mewအလုပ်တွေချည်းဆက်တိုက်လုပ်လာခဲ့တယ်Lhongနဲ့စပ်တူ လုပ်ငန်းကလည်းအောင်မြင်လာခဲ့တယ် ကွန်ဒိုမှာမနေတော့ပဲမိဘအိမ်မှာ ပြန်ပြောင်းနေခဲ့တယ်...

Poison Of Love(အချစ်၏ အဆိပ်) Unicode/Zawgyi (Complete)Место, где живут истории. Откройте их для себя