Part-10

270 21 2
                                    

Unicode

💓Poison Of Love💓
အချစ်၏အဆိပ်

Part-10

ကော်ဖီဆိုင်ကအပြန် Mewတို့တွေအိမ်မှာချက်ပြုတ်ဖို့ စျေးဝယ်ပြန်ကြလေတယ်...

" Mew မင်းရေသွားချိုးလေ ငါဟင်းချက်ဖို့ ပြင်ဆင်လိုက်မယ် "

" အချစ်လေးကလဲ ကိုယ်တို့ရေတူတူချိုးမယ်လေ "

" ဘူးထမနေနဲ့ Mew မနေ့ကပဲမင်းအပီကျုံးထားလို့ ငါမလှုပ်နိုင်ဖြစ်ပြီးပြီ "

" မင်းကလဲတစ်ခါတစ်လေလေးကြမ်းတာကိုကွာ "

" သွားစမ်းပါ Mewရာ "

" ပြီးရော မင်းကလဲစိတ်ဓာတ်ပဲ ရေတူတူချိုးပါမယ်ဆို "

Mewတစ်ယောက် သူ့ကိုမျက်စောင်းထိုးပြီးအပေါ်ကိုခြေဆောင့်ကာတက်သွားလေသည်...

Gulfကတော့ ညစာစားရန်အတွက်ချက်
ပြုတ်ရန်ပြင်ဆင်ပါတော့တယ်...

Mewတစ်ယောက်လိုချင်တာတောင်းလို့မရတဲ့အဆုံး ရေချိုးခန်းထဲဝင်ကာ ရေစိမ်ချိုးလိုက်ပါတော့သည်...

Mew ရေချိုးပြီးအိမ်အောက်ပြန်ဆင်းလာတာတောင် Gulf မီးဖိုချောင်ထဲအလုပ်ရှုပ်နေတာပေါ့ Gulf အနောက်နားကိုခြေသံဖွဖွလေးသွားနေတဲ့အချိန်...

" Mew မင်းရေချိုးပြီးပြီလား ခဏစောင့်
ပြီးတော့မယ် "

Mewတစ်ယောက် အံ့ဩသွားမိတယ်
ခြေသံမကြားအောင်လာတာကို ဘယ်လို
သိသွားလဲဆိုပြီး သိချင်သွားမိတယ်...

" အချစ်လေးက ကိုယ်လာတာဘယ်လိုသိ"

" မင်းရဲ့ ကိုယ်သင်းနံ့ကြောင့်လေ "

" ဘယ်လို ငါ့ရဲ့ ကိုယ်သင်းနံ့ဟုတ်လား "

Mewလည်း ယောင်တောင်တောင်နဲ့သူ့ကိုယ်သူ အနံ့လိုက်ရှူနေမိတယ်...

" Mew မင်းဘာလုပ်နေတာလဲ "

" အချစ်လေးပဲ ကိုယ့်ရဲ့ ကိုယ်သင်းနံ့ဆိုလို့လိုက်ရှူကြည့်နေတာ "

" အော် ဖြစ်ရမယ် Mew မင်းကတော့ "

Gulf တစ်ယောက် Mewဖြစ်နေပုံကို
ကြည့်ပြီးသဘောကျစွာ ပြုံးမိလိုက်တော့သည်...

Poison Of Love(အချစ်၏ အဆိပ်) Unicode/Zawgyi (Complete)Tempat cerita menjadi hidup. Temukan sekarang