Unicode
💓Poison Of Love💓
အချစ်၏အဆိပ်Part-15
Mewတို့ ကွန်ဒိုကိုရောက်တော့နေ့လယ်
ရောက်နေပြီလေ..." အချစ်လေး အဝတ်အစားလဲလိုက် ကိုယ်ပါစတာလုပ်ဖို့ ပြင်ဆင်လိုက်တော့မယ် "
" အင်း "
Gulf လည်း အိပ်ခန်းထဲဝင်ကာ ဘီဒိုထဲကအကျီတစ်ထည်ကို ထုတ်လိုက်ပြီးဝတ်ကြည့်ကာ မှန်ကိုကြည့်တော့...
" Mew အဝတ်အစားတွေကလဲ ကြီးလိုက်တာ "
မှန်အရှေ့မှာ ရပ်ပြီးကိုယ်မျက်နှာကို
ကြည့်ပြီး ငါတို့ရှေ့ဆက်လျှောက်တာ တားဆီးမဲ့သူမရှိရင် သိပ်ကောင်းမှာပဲဆိုပြီးတွေးလိုက်လေတော့သည်...Mew မီးဖိုထဲအလုပ်ရှုပ်နေချိန် အနောက်ကနေ Gulf သိုင်းဖက်တာခံလိုက်ရလေတယ်...
" အချစ်လေး အဝတ်လဲပြီးပြီပေါ့ "
" အင်း လဲပြီးပြီ မင်းအဝတ်တွေကလဲကြီးတယ် "
" အဲ့လိုပွပွလေးက လွတ်လွတ်လပ်လပ်နေလို့ကောင်းတယ်မဟုတ်လား "
Mew ပုခုံးပေါ် မေးစေ့လေးတင်ကာGulfနေနေမိတယ်...
" ကိုယ့်ကိုမခွဲနိုင်လို့လာဖက်ထားတာလား"
" အင်း ဒါနဲ့Mew ငါလေ Jeenတို့ပြန်လာရင် စင်ကာပူပြန်သွားရမှာ "
" ဟမ် ! "
Mew လန့်ဖျပ်ပြီး အနောက်ကိုလှည့်
ကြည့်လိုက်လေသည်..." ဘာဖြစ်တာလဲ Mew မျက်နှာကြီးကလဲ"
" ဘာလို့ပြန်မှာလဲ ကိုယ်အချစ်လေးကိုရှာကျွေးနိုင်ပါတယ် မသွားပါနဲ့ကွာ ကိုယ်မင်းမရှိရင် မနေတတ်တာသိရဲ့သားနဲ့ "
" ငါလဲသိတာပေါ့ အလုပ်ကိစ္စတွေ ဒီကိုလွှဲရမှာတွေရှိတယ် "
" ကိုယ်လိုက်ခဲ့မယ် "
" Mew မင်းအလုပ်တွေဘယ်လိုလုပ်မလဲ"
" ဟာ...မသိဘူး ကို်ယ်မှ မင်းနဲ့မခွဲနိုင်တာအခုမှ ကိုယ်တို့က ပြန်အဆင်ပြေရုံရှိသေးတယ်လေကွာ "
" ဒါဆို ၃နှစ်လုံးလုံး ဘယ်လိုနေခဲ့သေးလဲ"
" ဟာ...မသိဘူး ကိုယ်လိုက်ခဲ့မှာပဲ "