Part_7

510 76 48
                                    

Zawgyi

ဂျောင်ကုသည် ကျောပိုးအိတ်ကို ကြိုးတစ်ဖက်တည်းလွယ်ကာ ဘောင်းဘီထဲ လက်နှိုက်လျက် ခြေလှမ်းတွေကို ဂျီမင်းနဲ့ယွန်းဂီရှိတဲ့ ကန်တင်းဘက် လျှောက်လာလိုက်သည်။

ပါးစပ်မှာလည်း စုပ်လုံးကို စုပ်ရင်း နဖူးပေါ်ဝဲကျနေတဲ ဆံစ,တစ်ချို့ကို သပ်တင်ကာ ဘေးဘီကိုဝေ့ကြည့်တော့ ခပ်ဝေးဝေးကနေ ရင်ဘတ်ဖိသူဖိ၊ ပါးစပ်ကိုလက်နဲ့ကာသူကာ ကမ္ဘာပျက်နေတဲ့ မိန်းကလေးတစ်ချို့ကြောင့် နှုတ်ခမ်းကိုတစ်ဖက်တွန့်ရင်း ပြုံးမိလိုက်သေး။

အထာကလည်း ပေးချင်သေး၊ ကြောက်ကလည်း ကြောက်သေးနဲ့ ကျုပ်ကလည်း ဒါမျိုးတွေကို စိတ်မဝင်စားလို့ သူတို့တွေ အနားမကပ်ရဲတာ။

ကျုပ်မခေါ်ဘဲ အနားကိုလာသူမှန်သမျှ မလိုချင်တဲ့ လက်ဆောင်တွေလည်း ကျုပ်ကပေးတတ်သေးတာ။

"ဖူးစာထင်တယ်နော်...ခဏ ခဏ တွေ့နေရပါလား"

ကျစ်!

အရှေ့တည့်တည့်က အိုအီယောင်းနဲ့အတူ သူ့နောက်လိုက် ကပ်ဖားကောင်နှစ်ယောက်တို့ကြောင့် စောစောစီးစီး ညစ်ညမ်းသွားသည့် ကျွန်တော့်မနက်ခင်း။

"ချိုမယ့်ပုံပဲနော်"

ပါးစပ်ထဲက စုပ်လုံးကို ဆွဲထုတ်၊ ပစ်ချလိုက်ကာ ဖိနပ်နဲ့နင်းချေပစ်လိုက်တယ်။

"ကျက်သရေတုံးချက်က တန်ဖိုးကြီးတဲ့ငါ့ရဲ့စုပ်လုံးတောင် ခါးသွားတယ် ထွီ!"

"ဟုတ်လား ငါမြည်းကြည့်လို့ရမလား...မင်းပါးစပ်ထဲမှာတော့ အရသာကျန်ခဲ့လောက်တယ်မလား"

"မင်းး"

အိုအီယောင်းရဲ့ အင်္ကျီကိုလှမ်းဆွဲပြီး ထိုးဖို့လုပ်တော့ သူ့လူနှစ်ယောက်က ဝင်ဆွဲဖို့လုပ်သည်။
အိုအီယောင်းက လက်ကာပြမှ ငြိမ်ကျသွားပြီး...

"မင်းထိုးချင်ရင်ထိုး... ပြီးရင်တော့ တန်ကြေးအနေနဲ့အနမ်းခံရမယ်... တစ်ချက်ထိုးရင် တစ်ခါအနမ်းခံရမယ် အဟင်း...မယုံမရှိနဲ့နော် "

တန်ပြန် / တန်ပြန်Where stories live. Discover now