Part_9

516 80 6
                                    

Zawgyi

ကျောပြင်က စပ်ဖျင်းဖျင်းနဲ့ ယားယံမှုကြောင့် ဂျောင်ကု နိုးလာသည်။
တရားခံကို ရှာမိတော့ မြက်ခင်းပြင်ပေါ် အိပ်မိနေတာကြောင့် ဖြစ်သည်။

ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲ ဖြစ်နေတယ်။
ထယ်ယောင်းပါ ပါတယ်မလား... ကြောင်တောင်တောင် ဖြစ်မိသည်။

ကလပ်က ထွက်လာပြီး ကျွန်တော်တို့နှစ်ယောက် ဆိုင်ကယ် ပတ်မောင်းပြီး ဒီနေရာကို ရောက်လာတာပါ။
ဒီကိုရောက်တော့ ကျွန်တော့်စိတ်တွေ ဖောက်ကုန်တာက ဟိုအမျိုးသမီးတိုက်လိုက်တဲ့ ခွက်ထဲ ဆေးပါနေလို့ပဲ ဖြစ်ရမယ်။

ဒါကြောင့် ထယ်ယောင်းကို ကြမ်းကြမ်းတမ်းတမ်းတွေ လုပ်မိကုန်တာ။
စိတ်ညစ်လိုက်တာကွာ...ချီးပဲ။

အဲဒါထက် ထယ်ယောင်းက ဘယ်ရောက်သွားရတာလဲ။

ဝတ်လစ်စလစ် ဖြစ်နေဆဲ ကျွန်တော့်ခန္ဓာကိုယ်ကြောင့် ဘေးမှာ ပြန့်ကျဲနေတဲ့ အဝတ်တွေကို လိုက်ကောက်ပြီး ဘောင်းဘီကို ဝတ်လိုက်သည်။
ဒါပေမဲ့ အင်္ကျီတော့ မတွေ့။

နောက်ပြီး တော်တော်လေးမှောင်နေတာကြောင့် ကျွန်တော့်ဖုန်းကို လိုက်ရှာရသေးတယ်။

ကုန်းကုန်းကွကွနဲ့ အမှောင်ထဲ စမ်းတဝါးဝါး ရှာနေရတာမို့ စိတ်ထဲ တော်တော်လေးကို အချဉ်ပေါက်လာတယ်။

ဟိုစမ်းဒီစမ်းနဲ့ ခြေထောက်အောက် ခပ်မာမာအရာကို နင်းမိသွားပြီး ယူကြည့်လိုက်တော့... သေချာပေါက် ကျုပ်ဖုန်းပေါ့။

ပါဝါခလုတ်ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အရင်ဆုံး မြင်လိုက်ရတဲ့ အက်ကွဲရာကြောင့် ဒေါသက ငယ်ထိပ်တက်ဆောင့်လာတယ်။
ချီးလိုပဲ!..တစ်နေ့လုံး ဘာတစ်ခုမှ အချိုးကိုမပြေတာ။

ဖုန်းစခရင်မှာပေါ်နေတဲ့ အချိန်က 9:15။
အခု ထယ်ယောင်းကို ရှာရမှာ။

ဖုန်းမီးကိုဖွင့်ပြီး နေရာကို ဝေ့ကြည့်လိုက်တယ်။
ကျွန်တော်ရပ်နေတဲ့ ဘေးနားတဝိုက်မှာတော့ မြက်တွေက ပိပြားနေသည်။

နောက်ပြီး အကြောင်းလိုက် ပိပြားနေတဲ့(စွပ်ကြောင်း) မြက်ရာတွေကို တွေ့တာကြောင့် ထိုလမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်တော့ အဆုံးမှာတော့ ဝတ်လစ်စလစ်အတိုင်း ကွေးကွေးလေးလှဲနေတဲ့ ထယ်ယောင်းကို တွေ့လိုက်ရသည်။
လက်မှာတော့ ကျွန်တော့်အင်္ကျီနဲ့ ချည်ထားတဲ့အတိုင်းသာ။

တန်ပြန် / တန်ပြန်Where stories live. Discover now