Part_ 18

1.9K 140 66
                                    

Zawgyi

နာရီပေါင်းများစွာ ကျော်လွန်အပြီး၊ အကြိမ်ပေါင်းများစွာ ပြီးမြောက်ခဲ့ပြီးနောက် ကင်ထယ်ယောင်းဟာ ကျွန်တော့်အပေါ် အုပ်မိုးထားရာကနေ ဖယ်ခွာပြီး မောပန်းနွမ်းလျသွားသည့်ဟန်။
မှောက်ခုံအနေအထားနှင့် ခေါင်းကိုတစ်ဖက်လှည့်စောင်းကာ အိပ်စက်သည်။

အရှက်လုံရုံမျှ ဖုံးအုပ်ထားသည့်စောင်သည် စက္ကန့်တို့ကျော်လွန်လို့ မိနစ်များစွာ ကူးပြောင်းလာသည်နှင့် မနွေးထွေးနိုင်တော့။

လက်လုပ်လျှင် လက်နာသည်။
ခြေလုပ်လျှင် ခြေနာသည်။
နာကျင်ခြင်းတွေသည် ခေါင်းအစ၊ ခြေအဆုံးမို့ တုတ်တုတ်မျှမလှုပ်ရဲ။

အတားအဆီးမရှိ ကျနေသည့်မျက်ရည်ကိုပင် သုတ်ဖယ်ဖို့ မစွမ်းနိုင်သည့်အခြေအနေမှာ အောက်နှုတ်ခမ်းကိုတောင် ကြာကြာဖိ မကိုက်ရဲ။
အစောပိုင်းက နာကျင်မှုတွေပြေလိုပြေငြား ဖိကိုက်ထားတာမို့ ပေါက်ပြဲလို့နေသည်။

ဝမ်းဗိုက်နှင့် ခါးအောက်ပိုင်းတစ်ခုလုံး ညစ်ပေခြင်းတွေနှင့် စီးကပ်ကပ်၊ အိပ်ယာခင်းသည်လည်း စိုစိစိ။

ဘာတွေများ မျှော်လင့်နေသလဲဆို... သူ ကျေနပ်ဖို့ပါပဲ။

မမုန်းဘူးလားလို့ မေးခဲ့ရင် မုန်းသည်။
ဒါပေမဲ့ ကျွန်တော့်ရဲ့အမုန်းက သူ့ရဲ့အမုန်းကိုတော့ မယှဉ်နိုင်ခဲ့ဘူး။

ကျွန်တော်နာကျင်ရတာဟာ သူ မချစ်မနှစ်သက်သူရဲ့ လက်ထဲမှာ ခြောက်နှစ်တာလုံး ပေးဆပ်ခဲ့ရတာနှင့်ယှဉ်လျှင် ဒါဟာ မပြောပသလောက်ပဲ ထင်သည်။

အဓိကတရားခံဟာ ကျွန်တော်ဖြစ်နေခဲ့ပြီး မရှိခဲ့သလို မဖျောက်ဖျက်ပေးနိုင်လို့ သူ့အငြိုးတွေကြေသည်အထိ ပေးဆပ်သွားဖို့ တွေးထားပြီးသား။
ဒီလိုနည်းနဲ့မှဆိုလည်း ဒီနည်းအတိုင်းပေါ့။

ငါသာလျှင်လို့ စာနာမိခဲ့ရင် အခုလိုတွေ ဖြစ်လာစရာမှ မရှိဘဲ။
ကိုယ်တိုင်ကိုယ်ကျ ကြုံရတော့မှ နာရမှန်းသိတဲ့ ကျွန်တော့်လိုလူအတွက် ဒါဟာ ထိုက်တန်သည့် ပေးဆပ်ခြင်းပါပဲ။

.
.
.

"ဒီနေ့ကစပြီး မင်းအရင်အခန်းမှာ မင်းပြန်နေ... ငါ့ဝေယျာဝစ္စတွေလည်း အရင်အတိုင်း ပြန်လုပ်... ဒီနေ့မနက်ကိုတော့ ခွင့်လွှတ်ပေးလိုက်မယ်"

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 04, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

တန်ပြန် / တန်ပြန်Donde viven las historias. Descúbrelo ahora