Zawgyi
အိမ်တော်ကြီး၏ မြေအောက်ခန်းတွင်...
ဒိုင်း💢 ဒိုင်း💢 ဒိုင်း💢
ထယ်ယောင်း...လက်ထဲက ပစ်စတိုသေနတ်နဲ့ ကိုက်၂၀အကွာက ပစ်မှတ်ဆီ ချိန်တည်ကာ ဆက်တိုက်ပစ်နေမိသည်။
စက္ကန့်မခြား ပစ်ခတ်မှုက ပြောင်းဝက အငွေ့တလူလူ ထွက်သည့်အထိ။"သခင်ကြီး"
ဦးညွှတ် အရိုအသေပေးကာ ရောက်လာသည့် ဂျီဟွန်းနှင့်အတူ ပစ်လက်စကို ခဏရပ်လိုက်သည်။
"အပေါ်က အခြေနေ"
အမေးမှာ မျက်နှာတစ်ချက် ပျက်သွားသည့်ဂျီဟွန်းဟာ ခေါင်းငုံ့လျက် ဆို၏။
"အခုထိ အခန်းထဲက ထွက်မလာသေးပါဘူး သခင်ကြီး... ပြီး.ပြီးတော့..."
"ဆက်ပြော"
"တောင်းပန်ပါတယ် သခင်ကြီး... ပြီးတော့ ဂျွန်ဂျောင်ကုရဲ့ အသံကိုမကြားရတာ နာရီဝက်နီးပါး ရှိနေပါပြီ... ဒါပေမဲ့ ကင်ဒုံဟွန်းကတော့ မ.မရပ်..."
ဒိုင်း💢 ဒိုင်း💢 ဒိုင်း💢 ဒိုင်း💢 ဒိုင်း💢
ချလောက်! ချလောက်! ချလောက်!
"အားးး ကဲကွာ! "
ဂျီဟွန်းဆီက အဖြေစကားမှာ အံကိုတင်းတင်းကြိတ်မိလျက် ရှေ့ကပစ်မှတ်ဆီ ဆက်တိုက်သာပစ်နေရင်း ကျည်ကုန်သွားသည့် သေနတ်ကို အားမရနိုင်စွာ ကိုင်ပေါက်ပစ်လိုက်သည်။
ဖြောင်း💢
အနောက်ပါးမှာ ရပ်နေသည့် ဂျီဟွန်းရဲ့ ပါးစပ်ကို လက်ပြန်ဖြတ်ရိုက်လိုက်တော့ လဲကျမသွားပေမဲ့ ဟန်ချက်ပျက်ကာ ယိုင်နှဲ့သွား၏။
ခေါင်းပြန်လှည့်လာသည့် ဂျီဟွန်း၊ နှုတ်ခမ်းပါးမှာ သွေးတို့ စီးကျလာပေမဲ့ သူမသုတ်ရဲ။မပြေနိုင်သည့် ဒေါသတွေကြောင့် အသက်ရှူသံတွေဟာ ပြင်းနေပြီး လူသတ်ချင်စိတ်တွေက တဖွားဖွား။
"ကင်ဒုံဟွန်း ခြံထဲက ခြေတစ်လှမ်းထွက်တာနဲ့ အသက်ရှူနေတာ မမြင်ချင်ဘူး... သူ့ခန္ဓာကိုယ်ကို တစ်စစီ ဖြစ်သွားတာကို လိုချင်တယ်"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ဂျီဟွန်းထွက်သွားသည်နှင့် အနီးအနားမှာ ရှိနေသည့် ပစွည်းတွေအကုန် ရိုက်ခွဲပစ်ကာ မပြေနိုင်သေးသည့် ဒေါတွေကို ပုံချနေမိသည်။
YOU ARE READING
တန်ပြန် / တန်ပြန်
Fanfiction'ပေ'ဖြစ်တုန်း ခံခဲ့ရသမျှ 'တူ'ဖြစ်တဲ့တစ်နေ့ ငါပြန်နှံသမျှ မင်းပြန်ခံစားစေရမယ် Kim Taehyung ❣ Jeon Jungkook 'ပေ'ဖြစ်တုန်း ခံခဲ့ရသမျှ 'တူ'ဖြစ်တဲ့တစ်နေ့ ငါပြန်နှံသမျှ မင်းပြန်ခံစားစေရမယ်