Part_2

1.1K 132 18
                                    

Zawgyi

ဒဏ်ရာရပြီးသား သားကောင်ကိုမှ ချောင်ပိတ်ပြီး သတ်တယ်။
လက်မြောက်အရှုံးပေးပါတယ်ဆိုမှ အနိုင်နဲ့ ပိုင်းသေးတယ်။
ဒီလိုပဲ ချစ်နေမှန်းသိနေတော့...

"ကင်ထယ်ယောင်း ခင်ဗျားကGayလား...ထွီ!!!ရွံဖို့ကောင်းလိုက်တာ ယောက်ျားချင်းကြီးတောင်မှ"

အဲ့လို စကားလုံးတွေနဲ့ကော...

ခွပ်💢 ခွပ်💢

"အားး!!မင်းကများ ငါ့ကိုလာယှဉ်ရဲတယ်"

အပြင်မှာ စိတ်ရှုပ်စရာတွေကြုံလာတိုင်း အဲ့သလို ဒေါသဖြေစရာအနေနဲ့ကော ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တယ်။

အဲ့လိုတွေ ပြုမူနေပေမဲ့ စိတ်လည်း မနာသလို၊ မုန်းလည်းမမုန်းမိဘူး။
ခုလိုတွေ ဆိုးသွမ်းနေတာ သူ့အပြစ်မှမဟုတ်တာ။
မိဘတွေရှိပေမဲ့ ဆုံးမပဲ့ပြင်ပေးမယ့်သူ မရှိတဲ့သူ့ဘဝက ဂုဏ်တွေငွေတွေရှိနေတာကလွဲရင် ကျုပ်ဘဝနဲ့ မခြားမနားပဲလေ။
ပြဿနာဖြစ်လာခဲ့ရင် ငွေမျက်နှာနဲ့ရှင်းပေးတတ်ကြတော့ မိဘအားကိုးနဲ့မိုက်တတ်လာတာ မဆန်းပါဘူး။

ဖြူစင်တဲ့ ယုန်ပေါက်လေးတစ်ကောင်ကနေ ဆိုးသွမ်းတဲ့ ဝံပုလွေတစ်ကောင်အဖြစ် ပုံပြောင်းပေးလိုက်ကြတာ သူ့မိဘတွေကိုယ်တိုင်ပဲ။

.
.
.

ခြံထဲမှာ ပန်းပင်တွေရေလောင်းနေရင်း ဆိုင်ကယ်ကိုယ်စီနဲ့ ဝင်လာတဲ့ ဂျောင်ကုတို့ သူငယ်ချင်းတစ်စု။
ကားမောင်းဖို့ အသက်မပြည့်ုကြသေးတဲ့ ဂျောင်ကုတို့ သူငယ်ချင်းတစ်စုက ခုလို ကျောင်းပိတ်ရက်တွေမှာ အမြဲတစေလို ဆိုင်ကယ်အသီးသီးနဲ့ လမ်းသလားနေတတ်တယ်။

ပိုက်ဆံရှိသားသမီးတွေကြီးမို့ ထင်တိုင်းကြဲနေကျတာ ပတ်ဝန်းကျင်က လူအများစုအတွက်တော့ မျက်စိဆံပင်မွှေး စူးစရာပါပဲ။

"ကင်ထယ်ယောင်း!!!ကျုပ်တို့အတွက် အအေးသွားယူလာခဲ့စမ်း မြန်မြန်"

အိမ်ထဲထိမဝင်ပဲ ခြံထဲကခုံဝိုင်းမှာတင်ထိုင်ပြီး အမိန့်ပေးလာပြန်တော့ လုပ်လက်စအလုပ်ကို အသာချရင်း ခပ်မြန်မြန်ပြေးရပြန်သည်။

တန်ပြန် / တန်ပြန်Where stories live. Discover now