Part_11

673 97 52
                                    

Zawgyi

ခြောက်နှစ်ခန့်ကြာသောအခါ...

နာရေးအိမ်ရှေ့သို့ ရောက်ရှိလာသော ကားတစ်စီး။

သက်စောင့်ကိုယ်ရံတော်၂ဦးနှင့်အတူ အိမ်ထဲကို ဝင်ရောက်လာတဲ့ ခန့်ညားသောအမျိုးသားတစ်ဦး။

"ဟင်... ကင်ထယ်ယောင်း...ခင်.ခင်ဗျား "

"အိုး...မတွေ့တာကြာပြီနော် ဂျွန်ဂျောင်ကု... ကိုယ့်နာမည်တော့ မင်းမမေ့သေးဘူးဘဲ"

"ခင်.ခင်ဗျား ဘာလာလုပ်တာလဲ... ပြီးတော့ ခင်ဗျားပုံစံက"

"အဟင်း သိပ်အံ့သြသွားလို့လား"

အံ့သြလောက်ပါတယ်။
ကျုပ်ပုံစံက အရင်ကလို အညတရ အစေခံတစ်ယောက်လို့ မထင်မှတ်လောက်အောင်ကို အရှိန်အဝါတွေနဲ့ကိုး။

ဘာဖြစ်မယ်မှန်း မသိသေးဘဲနဲ့ကို ကျုပ်ကိုကြည့်ပြီး အနည်းငယ်တုန်လှုပ်နေတာလေးက မြင်ရတာ ရင်ထဲ လှိုက်ဖိုနေအောင်ဝမ်းသာမိသား။

မင်း ဒီထက်ပိုပြီး တုန်လှုပ်ရမယ် ဂျွန်ဂျောင်ကု။

"အခုလို အခြေအနေကြီးမှာ ပြောရမှာကိုတော့ စိတ်မကောင်းပေမဲ့ အကြွေးက အကြွေးပဲလေ"

"ဘာ! အကြွေးဟုတ်လား... ကျုပ် ခင်ဗျားဆီက ဘာမှမယူထားဘူးနော် ကင်ထယ်ယောင်း... တောင်းချင်းတောင်း ကျုပ်ကပြန်တောင်းရမယ်ထင်တယ်... ခြေမနဲ့ ကလော်ထုတ်ရင်တောင် ခင်ဗျားလည်ချောင်းထဲမှာ ကျုပ်တို့ကျွေးထားတဲ့ ထမင်းတွေ အတောင့်လိုက် ရှိနေအုံးမှာ"

"မင်းမယူပေမဲ့ သေသွားတဲ့ မင်းအဖေကတော့ ယူသွားတယ်လေ"

"ဘာ! အဖေက"

"ဒါနဲ့ အပေါင်ပစ္စည်းလေးကို မသိချင်ဘူးလား"

"အရူးကွက်တွေ လာနင်းမနေနဲ့ ကင်ထယ်ယောင်း... ဒီအိမ်ကြီးလို့ ခင်ဗျားပြောမလို့မလား လာလိမ်.."

"ဟိုးထား...ဂျောင်ကု!! ဟောဒီအိမ်ကြီးက လွန်ခဲ့တဲ့၆လလောက်ထဲက ငါပိုင်ပြီးသား... ခုနကမင်းပြောသလိုမျိုး မသထာရေစာ ကျွေးထားဖူးတာကို ထောက်ထားပြီး နေခွင့်ပြုထားတာ... လိမ်နေတယ်လို့ ထင်ရင်တော့ ဟောဒီမှာစာချုပ် မင်းဖတ်တတ်တယ်မလား"

တန်ပြန် / တန်ပြန်Where stories live. Discover now