ကျွန်တော် သူကလွဲပြီး ဘယ်သူ့ကိုမှထပ်မချစ်နိုင်တော့ဘူး.....
Diaryစာအုပ် ခပ်နွမ်းနွမ်းလေးကို ပြန်ပိတ်လိုက်ရင်း
သောက်လက်စ ကော်ဖီခွက်ထဲက ကော်ဖီခပ်နွေးနွေးလေးကို ခပ်ဆွေးဆွေးလေးကြည့်နေတဲ့ ကောင်လေးတစ်ယောက်တပ်ထားတဲ့ မျက်မှန်လေးကို ကိုင်းမှ အသာချွတ်ယူလိုက်ကာ မျက်မှန်ဘူးလေးထဲ စနစ်တကျ ပြန်ထည့်လိုက်ပြီး စာကြည့်မီးအိမ် ခပ်မှိန်မှိန်လေးကို ပိတ်၍ ကုတင်ပေါ်တက်လှဲရင်း ခြေရင်းက စောင်ပါးပါးကို ကိုယ်ပေါ်လွှားခြုံလိုက်သည်။
ကော်ဖီသောက်ထားတဲ့အရှိန်ကြောင့် မျက်လုံးတွေက ခပ်ကြောင်ကြောင် ခေါင်းအုံးဘေးက ဖုန်းလေးကို အသာဖွင့်ကြည့်တော့ ည 1:23 မအိပ် လို့ မဖြစ်တာကြောင့် မျက်လုံးတို့ကို အတင်းကြိတ်မှိတ်ပြီး အိပ်ပျော်ဖို့ကို ကြိုးစားနေမိသည်။
ဝင်လာသမျှ အတွေးပေါင်းစုံကို အံတုကာ နောက်ဆုံး မနက် ၃နာရီလောက်မှာ သူအိပ်ပျော်သွားခဲ့သည် ။
"အကို့ကို ကျွန်တော် ချစ်တယ် "
"ကိုယ်လည်း မင်းကို ချစ်တယ် "
နူးနူးညံ့ညံ့ ငုံ့ဆင်းလာတဲ့ နှုတ်ခမ်းနွေးနွေးတို့ကို Renjinနှစ်ခြိုက်စွာ ဆီးကြိုလိုက်သည်။
ထပ်တူကျသွားတဲ့ နှုတ်ခမ်းနှစ်လွှာ အဆုံးမှာ Renjun အိပ်မက်က အလန့်တကြား နိုးလာခဲ့သည်။
"ဒီအိပ်မက်က ငါ့ကိုဘယ်အချိန်ထိ နှိပ်စက်နေအုံးမှာလဲ "
Renjunအတွက် ဒီအိပ်မက်က ခြောက်လှန့်နေဆဲမို့
နိုးနိုးချင်း စိတ်ပျက်စွာ ညည်းညူလိုက်ပြီး ခပ်ပွပွ ဆံပင်လေးတွေကို ဖွပစ်လိုက်သည် ။ရေချိုးပြီး အဝတ်ဘီဒိုရှေ့ အဝတ်လဲ ပြင်ဆင်ကာ ဘီဒိုကမှန်ထဲ ကိုယ့်ပုံရိပ်ကိုယ် ပြန်ကြည့်တော့ အဖြူရောင် ရှပ်အင်္ကျီကို ကာကီရောင် စတိုင်လ်ဘောင်းဘီလေးထဲ ထည့်ဝတ်ထားသည်မှာ သပ်သပ်ရပ်ရပ်နှင့် ။
အင်္ကျီလက်ကို တံတောင်ဆစ်နားအထိ ခေါက်တင်ထားပြီး ဆံပင်ခပ်နက်နက်တို့ကို နောင်ဘက်သို့လှန်တင်ထားသေးသည်။
YOU ARE READING
23-DAY(Complete)
Fanfiction"ခင်ဗျားကျွန်တော့်ကို တစ်ခါလောက်ပဲ ငှဲ့ကြည့်ပေးစမ်းပါ ဟွမ်ရွမ်ကျွင့်" "Jeno..ငါတို့က ဆရာနဲ့ တပည့် ဆက်ဆံရေးပဲ အဲ့ဒီထက်မပိုဘူး " Main OTP - Noren ______________23-Day____________ "ငါတို့တွဲကြရအောင် Mark Lee " "ငါက မိန်းမတွေပဲ ကြိုက်တာLee Taeyongရ"...