Part-11

398 81 4
                                    

Unicode

''အမေ့...!"

Renjun နိုးလာတဲ့ အချိန် ကားနောက်ခန်းက မမှိတ်မသုန်ထိုင်ကြည့်နေတဲ့ ကောင်လေးကို မှန်ထဲကတွေ့လိုက်ရတော့ အလန့်တကြား ဖြစ်သွားရသည်။

လက်ထဲက Diary လေးက လွတ်ကျသွားမှ Renjun အလန့်တကြား ပြန်ကောက်လိုက်မိသည်။

*ဧကန္တ သူ မဖတ်လိုက်ဘူး မလား*

"ဘာလို့ငါ့ကိုမနိုးတာလဲ ညတောင်ရောက်နေပြီလေ "

" ဆရာအိပ်နေတာကြောင့်ပါ "

ထိုစကားတစ်ခွန်းကိုသာ ခပ်တိုးတိုးဆိုပြီး Jeno ရောသူရောတစ်ဖန်ပြန်ငြိမ်သွားသည်။

"ပြန်ကြတာပေါ့ ညစာ တစ်ခုခုဝင်စားသွားကြမလား ငါ့အဆောင်မှာ ဘာမှသိပ်မရှိဘူး"

"ရတယ် ကျွန်တော်ဗိုက်မဆာဘူး"

သူ့ဖုန်းထဲက တစ်ခုခု​ကြည့်နေပုံရတဲ့ Jeno က တစ်ခုခုကိုစိတ်အလိုမကျဖြစ်နေပုံပဲ ။

"ဆရာ့အဆောင် မလိုက်တော့ဘူး ကားဖြည်းဖြည်းမောင်းပြန်ပါ"

ကားပေါ်က ဆင်းသွားတဲ့ ကောင်လေးက မျက်နှာကဒဏ်ရာတွေကြောင့် ဘာဖြစ်နေလဲဆိုတာ သိပ်မသဲကွဲပေမယ့် စကားပြောသံက စိတ်အလိုမကျနေခြင်းကို ချက်ချင်းRenjun သဘောပေါက်လိုက်သည်။

*ဘာဖြစ်သွားတာလဲ*

ကားနဲ့ မလှမ်းမကမ်းမှာ မြင်နေရတဲ့ Yutaဆိုသူရဲ့ ဆိုင်ကယ်ကို Renjun လှမ်းတွေ့လိုက်ရသည်။

*ဒဏ်ရာ ရထားတာကို ထပ်ပြီးရန်သွားဖြစ်ဦးမလို့လား

အဲ့လိုတော့ Renjun ဒီကောင်လေးကိုလွတ်မပေးလိုက်နိုင်ပါ။ ကားတံခါးကို ဖွင့်ပြီး မြင်နေရတဲ့ နောက်ကျောပြင်လေးဆီ အနီးဆုံးဖြစ်အောင် ပြေးလိုက် မိသည်။

"အီဂျဲနို...."

ကောင်လေးက သွားနေတဲ့ ခြေလှမ်းလေးတွေ ရပ်လိုက်ပြီး အထူးတဆန်း သူ့ကိုလှည့်ကြည့်သည်။

"မသွားနဲ့... "

"ကျွန်တော်..."

"ဒီနေ့ငါနဲ့လိုက်ခဲ့ ဘယ်မှမသွားနဲ့"

မျက်ရည်ဝဲနေတယ်။
ငါ့ကို အမြင်မကြည်တဲ့ ဆရာက။
သူ့ တူလေးအပေါ် ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့တဲ့ငါ့ကို။

23-DAY(Complete) Where stories live. Discover now