Part -21

541 65 31
                                    

Unicode

Jeno ပေါင်ပေါ်ရောက်နေတဲ့ ဆရာသေးသေးလေးကို အူယားစွာနဲ့ ခါးလေးတွေကိုပိုပြီး တင်းတင်းကြပ်ကြပ်ဖက်ထားသည်။

"ဆရာ ဒီတစ်ပတ်ပိတ်ရက် ကျွန်တော်နဲ့ Dateရအောင်"

"နေကောင်းသေးတာလည်းမဟုတ်ပဲနဲ့ Jeno ရာ.."

"ကျွန်တော့်ကို ဒါလေးတောင် ခွင့်မပြုတော့ဘူးလား ဆရာရဲ့ နားရက် တစ်​ရက်လေးပဲလေ နော်"

Renjunက ပြန်မဖြေပဲ သူ့မေးစေ့လေးကို သူ့နှုတ်ခမ်းနွေးနွေးလေးနဲ့ မော့ကာ နမ်းလိုက်သည်။

"အင်း ကိုယ်အလုပ်အားအောင်စီစဥ်ထားလိုက်မယ်လေ "

သူ့ကိုနမ်းလိုက်တဲ့ ဆရာလေးကို Jeno မြတ်နိုးစွာ ငုံ့ကြည့်ရင်း နဖူးပြင်လေးကို ဆံပင်လေးတွေ သပ်ဖယ်ကာ တယုတယ သူနမ်းလိုက်သည်။

သူ့ကိုပြုံးကာ ​မော့ကြည့်နေတဲ့ ဆရာငယ်က တစ်ဘဝလုံးမှာ မြင်ခဲ့ရဖူးတဲ့ လူတွေရဲ့အပြုံးထက် အလှဆုံးဖြစ်လို့နေသည်။

"အဟွတ်..အဟွတ်..."

ပေါင်ပေါ်က ဆရာကို ဖတ်ထားတာ ဖယ်ပြီး လက်ဝါးနဲ့ချောင်းအုပ်ဆိုးလိုက်ပေမယ့် ဆရာကတော့သူ့လက်ကိုမမြင်ရတာကြောင့် Jenoလက်ဝါးမှာပေကျံသွားတဲ့သွေးတွေကိုRenjunမမြင်ခင် Jenoဘောင်းဘီနဲ့ အမြန်သုတ်ပစ်လိုက်သည်။

"ဆရာ ခဏလေး "

Jeno ပေါင်ပေါ်က ဆရာလေးကို ကုတင်ပေါ်အသာချခဲ့ပြီး လက်က Dripချိတ်ထားတဲ့ဆေးရည်ဘူးကိုင်၍ အိမ်သာထဲ အမြန်ပြေးဝင်ကာ အောင့်ထားတဲ့ချောင်းကို အဆက်မပြတ်ဆိုးလိုက်တော့ ဘေစင်ဖြူဖြူမှာ သူ့ပါးစပ်ထဲကထွက်လာတဲ့ သွေးတွေက နီရဲသွားသည်။

သူကိုယ်တိုင်လည်း တုန်လှုပ်ချောက်ခြားလို့ သွားခဲ့သည်။ သူဆရာငယ်ကို သေသေခြာခြာ ဖွင့်မပြောရသေးပါ။ သူချစ်တဲ့အကြောင်းတွေ ဆရာငယ်ကို မပြောရသေးပါလေ ။

"Jeno အဆင်ပြေရဲ့လား ဆရာဝင်လာခဲ့ရမလား"

"ဝင်မလာနဲ့ ကျွန်တော် အပေါ့သွားမလို့ "

Jenoအသံတုန်နေတာကို ထိန်းပြောပြီး တံခါးLock ကိုပါ အမြန်ပြေးချကာ ဘေစင်မှာလက်ထောက်၍ မှန်ထဲမှာ ပေါ်နေတဲ့ သူပုံရိပ်ကို ပြန်ငေးကြည့်နေမိသည်။

23-DAY(Complete) Where stories live. Discover now