Unicode
နဖူးတည့်တည့် ကိုလာမှန်တဲ့ Duster ကြောင့် Jeno ဒေါသထွက်သွားသည်။
stage ပေါ်က ဆရာ့ကိုကြည့်တော့ သူ့ကိုမှုန်ကုတ်ကုတ်ဖြင့် ပြန်လည်စူးစိုက်ကြည့်နေတာကြောင့် Jeno သူ့ဘေးနားကျနေတဲ့ Duster ကို ကုန်းကောက်ပြီး ထရပ်လိုက်သည်။
စိတ်ထဲမှာတော့ ဆရာသူ့ကိုပေါက်သလို ပြန်ပေါက်လိုက်ချင်ပေမယ့် လက်တွေ့မှာတော့ ဆရာ့ အနားထိလျှောက်သွားကာ ဆရာ့စားပွဲပေါ် Duster လေးကိုအသာတင်ပြီး ပြန်ထွက်သွားဖို့အလှည့်
"အီဂျဲနို "
"Nae sim"
"အတန်းချိန်ပြီးရင်ဆရာနဲ့ စကားနဲနဲပြောရအောင် "
"Nae"
လေးလေးပင်ပင်ဖြေဆိုပြီး လှုပ်စိလှုပ်စိသူ့ခုံနား ပြန်လျှောက်သွားတဲ့ ဂျဲနိုကိုကြည့်ပြီး Renjun စိတ်ကုန်လာသည်။
Renjun လည်း နောက်နာရီဝက်လောက် ကျန်တဲ့အတန်းချိန်ကို အာရုံစုစည်းပြီး သင်ကြားပေးလိုက်သည်။
အတန်းထဲက သူတွေအားလုံးကို နှုတ်ဆက်ပြီး အပြင်ထွက်လာတော့ သူ့နောက်ကပြေးလိုက်လာတဲ့ အီဂျဲနိုဆိုတဲ့ကောင်လေးကြောင့် Renjun နဲနဲတော့ကျေနပ်သွားသည် ။
ဘေးနားကနေ ဘာမှမပြောပဲ ဘောင်းဘီအိပ်ကပ်နှိုက်ပြီး ဂျစ်ကန်ကန်နဲ့ လိုက်နေတဲ့ကောင်လေးကို Renjun လူခြေပြတ်တဲ့ အပင်အောက်နားလေးအထိခေါ်သွားပြီး လက်နှစ်ဖက်ကို တင်းနေအာင်ပိုက်ထားကာ သူ့ကိုကျောပေးပြီး သစ်ပင်ဘက်ကို မျက်နှာမူလိုက်သည်။
"ငါလည်း မင်းအရွယ်တုန်းက မင်းတို့လိုပဲဆိုးခဲ့တယ် Jeno ဒါပေမယ့် "
ပြောနေရင်း နောက်လှည့်လိုက်တော့ နောက်က အီဂျဲနိုဆိုတဲ့ ငနဲလေးဟာ သစ်ပင်က သစ်ရွက်တွေကို ခုန်ခူး ပြရင်း သူ့ဒေါသကိုပြန်စွနေသည်။
"အီဂျဲနို ငါစကားပြောနေတယ်"
"ပြောလေ ဆရာစကားပြောတာ ပြောပေါ့ ဒီအရွက်တွေက ဆုတောင်းပြည့်တယ်လေ အာ့! အား... ဆရာ! နာတယ် နာ အာ့ နာတယ်လို့ "
" ဒီ့ထက်ပိုမနာချင်ရင် ငြိမ်ငြိမ်လေးလိုက်ခဲ့"
သူ့ဒေါသကို ပြန်ဆွနေတဲ့ ထိုကျောင်းသားရဲ့ ကပ်နေတဲ့နားရွက်ကို အပြင်ထွက်လာအောင် Renjunခပ်နာနာဆွဲပြီး ရုံးခန်းရှိရာဆီကိုသာ ခေါ်ခဲ့လိုက်တော့သည်။
YOU ARE READING
23-DAY(Complete)
Fanfiction"ခင်ဗျားကျွန်တော့်ကို တစ်ခါလောက်ပဲ ငှဲ့ကြည့်ပေးစမ်းပါ ဟွမ်ရွမ်ကျွင့်" "Jeno..ငါတို့က ဆရာနဲ့ တပည့် ဆက်ဆံရေးပဲ အဲ့ဒီထက်မပိုဘူး " Main OTP - Noren ______________23-Day____________ "ငါတို့တွဲကြရအောင် Mark Lee " "ငါက မိန်းမတွေပဲ ကြိုက်တာLee Taeyongရ"...