Part-7

665 81 17
                                    

ညသန်းခေါင်ကြီးကျမှ မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရောက်လာတဲ့ Jisungလေးက သူ့အမေဆီကို ဖုန်းဆက်ပြီးညာဖို့ Renjunကိုပါ ကူခိုင်းသေးသည်။

"မမ ဒီနေ့ည အချိန်ပိုရှိတာလေ အဲ့တာအခုမှပြီးလို့ Jisungကို ကျွန်တော့်အဆောင်မှာပဲ သိပ်လိုက်တော့မယ်"

"ရတယ်မမ လာမကြိုခိုင်းနဲ့တော့ နောက်လဲကျနေပြီဆိုတော့ မနက်မှပဲ ကျွန်တော်လာပို့လိုက်မယ်"

"ဟုတ် ဟုတ်ကဲ့မမ စိတ်ချပါ ဟုတ်"

အမဖြစ်သူနဲ့ ဖုန်းပြောပြီးမှ Renjun သက်ပြင်းရှည်တစ်ခါ ချလိုက်သည်။

သူရှေ့က ဆိုဖာပေါ်ထိုင်ကာဆိုင်ကယ်ဦးထုတ်အကွဲကြီးကို အကြည့်မခွာသေးတဲ့ Jisungကို Renjunစိတ်မရှည်တော့။

"Park Jisung ဒါက ဘယ်လိုဖြစ်တာလဲ ရှင်း​ပြပါအုံး"

ကွဲနေတဲ့ ဆိုင်ကယ်ဦးထုတ်ကိုပဲ မျက်လုံးထဲက ကြယ်တွေ ထွက်နေသလိုမျိုး အမြတ်တနိုးကြည့်နေပြီး Renjunမေးတာကို အခုထိမဖြေသေး။

"Park Jisung"

"မနက်မှပြောပြမယ် ဦးလေးရာ"

"အခုနက လာပို့တာကရော ဘယ်သူလဲ မင်းရန်သွားဖြစ်လာတာလား Jisung"

"မဟုတ်ပါဘူး ဦးလေးကလဲ အခုနလာပို့သွားတာ ကျွန်တော်တို့ကျောင်းကပဲ ကျွန်တော့်စီနီယာ သူက ကျွန်တော့်ကို ကယ်ခဲ့တာ သူကဦးလေးကိုလဲ သိတဲ့ပုံပဲ"

"ငါကျောင်းသွားတာ တစ်ရက်ပဲရှိသေးတာကို ငါ့ကိုသိတယ် ? မင်းအပိုတွေ ပြောမနေပဲJisung "

"ဦးလေးရဲ့ ဒေါသက တစ်နာရီလောက်နဲ့လဲ လူတိုင်းရဲ့ရင်ထဲကိုစွဲလမ်းစေတာပဲ"

"Park Jisung အခုပြန်ထွက်လာခဲ့"

Renjunကို ပြောင်​ပြပြီး အိပ်ခန်းထဲပြေးဝင်သွားတဲ့ Jisungကို အော်ကာ Renjunအခန်းထဲ လိုက်ဝင်လာခဲ့သည်။

"မျက်နှာသွားသစ်ဦး Jisung Park"

"ဦးလေးရာ ကျွန်တော်ပင်ပန်းနေပြီ မနက်မှ ပေါင်းသစ်လိုက်တော့မယ် "

သူ့ကုတက်ပေါ် ကျကျနနလှဲအိပ်ကာ မျက်လုံးမှိတ်ထားတဲ့ Jisungကို Renjunဘာမှမပြောနိုင်တော့ပဲ ရေဖတ်ဝတ်ယူကာ မျက်နှာက ဒဏ်ရာသေးသေးလေးတွေကို ဆေးထည့်ပေးဖို့ ပြင်ရသည် ။

23-DAY(Complete) Where stories live. Discover now