Part -23

570 66 23
                                    

''Jenoဆေးသောက်ရအောင်...''

ဆေးရုံက ဆင်းလာပြီးတဲ့နေ့ကတည်းက Jeno ကို Renjun သူ့အိမ်မှာခေါ်ထားသည်။

သူ့အကြောင်းကို သိသွားတဲ့နေ့ကတည်းက ဆရာက သူ့အပေါ်အရမ်းကို စိုးမိုးလွန်းလာသည်။

ဘာမှထွေထွေထူးထူးမရှိပေမယ့် ဆေးသောက်ရမယ့်အချိန်နဲ့ ထမင်းစားရမယ့်အချိန်တွေဆို ဒီဆရာပေါက်စလေးက သူ့ကိုအရမ်းငေါက်တတ်သေးသည်။

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် Jeno ရော Renjun ရောက ဆရာအဆောင်မှာပဲ အချိန်ကိုကုန်ဆုံးရလိမ့်မည်။

အိပ်ချင်မူးတူးနဲ့ မနက်စာစားနေတဲ့ Jenoအနား ဆေးတစ်စုံစာနဲ့ ရေခွက်အသင့်ကိုင်ကာစောင့်နေတဲ့သူကိုကြည့်ပြီး Jeno ထမင်းဆက်မစားချင်တော့...

"ဘယ်အချိန်အထိ ခင်ဗျား ဒီလိုလုပ်နေမှာလဲ Huang Renjun''

သူ့လက်ဖဝါးထဲက ဆေးလုံးတွေကိုသာ အာရုံစိုက်နေပြီး Jeno ရဲ့မေးခွန်းကိုကြားပုံမပေါ်။

'' တစ်လုံး နှစ်လုံး ဒါက ၄လုံး အကုန်ပေါင်း ၇လုံး ကွက်တိပဲ''

မုန်းသည်....။ ကိုယ့်ကိုလူနာတစ်ယောက်လို ဆက်ဆံနေသည်ကို Jeno မုန်းလာသည်။ သူ့အနားမှာ နေရမယ့်ပုံစံက ရောဂါသည်လို ကလေးတစ်ယောက်လိုဆိုရင် Jeno မနေချင်ရိုး အမှန်ပါ...။

"ရော့.... "

လက်ဖဝါးထဲထည့်လာ​ပေးတဲ့ ဆေးတွေကို တစ်ငုံတည်းပါးစပ်ထဲပစ်ထည့်ပြီး ရေနဲ့မျှောချပစ်လိုက်သည်။

ဆေးသောက်ပြီးတာနဲ့ အိပ်ခန်းထဲ တန်းဝင်သွားတဲ့ Jeno ကို Renjun မတားမိသလို စောင့်ကာပိတ်ချလိုက်တဲ့ တံခါးသံကိုလည်း မကြားချင်ယောင်ဆောင်ရင်း လက်ထဲကရေခွက်လေးကို ခွက်စင်ပေါ်သွားပြန်မှောက်လိုက်သည်။

သူအခန်းထဲ ဝင်လာတော့ Jenoက Laptopကို အသဲအသန်ကြည့်လို့နေကာ နားကြပ်ကိုလည်းတပ်ထားသေးသည်။ ဂိမ်းဆော့နေပုံရတာကြောင့် Renjun ဘာမှမပြောတော့ပဲ စာကြည့်ခုံပေါ်ထိုင်ရင်း တနင်္လာနေ့ပြရမယ့် စာတွေကို ပြန်လေ့လာနေလိုက်သည်။

မျက်မှန်ခပ်ထူထူအောက်က မျက်ဝန်းကြည်ကြည်လေးတွေက စာတွေကိုကြည့်လိုက် ခုံပေါ်က Noteစာအုပ်လေးတွေပေါ်မှာ ပြန်ချရေးလိုက်နဲ့ ဆရာသေးသေးလေး အလုပ်ရှုပ်နေသည်မှာ Jeno Game ဆော့ပြီး ထိုင်ငေးကြည့်နေသည်အထိ Jeno ဆီကို အာရုံမလာသေး။

23-DAY(Complete) Where stories live. Discover now