🏔Chapter (24)🏔

484 47 33
                                    

*Zawgyi*

(ဗုဒံ္ဓ...ဓမ္မံ...သံဃံ🙏🤣)

Notice-သေချာလေး ဂရုတစိုက်ဖတ်ပေးပါ။အတတ်နိုင်ဆုံး ရှင်းလင်းအောင်ရေးထားပေးပါတယ်။မရှင်းရင် အကုန်လာမေးနိုင်ပါတယ်နော်❤)

ကိုယ်တို့ရဲ့ရင်တွင်းသစ္စာတိုင်တည်ထားမှုကြောင့် ကိုယ် မင်းအနားကို ပြန်ရောက်လာရတော့မယ်..နက်။

...

ဝိညာဉ်တစ်စ...။

ဝိညာဉ်ဆိုတာ လေနှင်ရာလွင့်နေသလိုအရာဝတ္ထုမျိုး။ဖြူသဲ့သဲ့အရိပ်လေးနဲ့ သဏ္ဍာန်တူတဲ့ စိတ်ကြိုက်စိတ်ကူးပုံဖော်လို့ရတဲ့ အရာတစ်မျိုး။

ညိုပုတ်နေတဲ့မြေသားညိုညိုတွေရဲ့ဖုံးလွှမ်းခြင်းကို ခံထားရတဲ့ အဖြူရောင်ဝိညာဉ်လေးတစ်စဟာ သူသေဆုံးပြီးနောက်ပိုင်း သုံးလေးလအကြာမှာ အသိလွတ်စွာနိုးထလာခဲ့၏။

တိတိကျကျပြောရလျှင် နှစ်ဆန်းတစ်ရက်နေ့၏ညနေပိုင်း။

အဖြူရောင်ဝိညာဉ်လေး၏အသိစိတ်တို့ဟာ အကုန်ဗလာနတ္ထိ။ဝိညာဉ်ဆိုတာ စိတ်ကြိုက်ပုံဖော်နိုင်သောအစွမ်းရှိတာမို့ သူသေဆုံးတုန်းက ဦးခေါင်းပါမလာခဲ့ပေမယ့် သူ့ဝိညာဉ်ဘဝတွင်တော့ ဦးခေါင်းပါရှိလာခဲ့သည်။ သို့သော် ဦးခေါင်းထဲတွင် ဘာမှမရှိနတ္ထိဖြစ်နေကာ ဦးနှောက်အကန့်ဆိုသည့်အရာက လိုအပ်နေသလို။

သူပြန်စဉ်းစားကြည့်လိုက်တော့ သူ့ကိုယ်သူဘယ်သူမှန်းမသိ။သူ့ကိုယ်သူဘာဖြစ်နေမှန်းလဲမသိ။သူ ဘာကြောင့် ဒီနေရာကို ရောက်နေသလဲမသိ။

သူ့ကိုယ်သူ ဘာလူမျိုးမှန်းလဲ မသိတာမို့ သူဘာကိစ္စနဲ့ ရိုးရာအသားရောင်အင်္ကျီတစ်ခုကို ဝတ်ဆင်ထားမိမှန်း စဉ်းစားလို့မရ။

သူ့ခေါင်းတွေ လွန်စွာရှုပ်ထွေးနေသည်။သူ မြေသားညိုညိုပေါ်မှာ နိုးထလာခဲ့၏။နိုးထလာပေမယ့် သူ့ရုပ်အလောင်းကတော့ မြေသားညိုညိုပေါ်မှာ အိပ်ပျော်လျက်ကျန်နေခဲ့သည်။ဘာတွေလဲ။ဒါ ဘာတွေလဲ။ဘာဖြစ်နေတာလဲ။သူကရော ဘယ်သူလဲ။

ဘာမှ စဉ်းစား၍မရတော့သည့်အချိန် မိတ်သဟာဆိုသည့်ထိုလူရဲ့ စိတ်ခံစားချက်များဟာတော့ လေနှင်ရာကိုလွင့်နေတဲ့ဂွမ်းစလေးကဲ့သို့ ပေါ့ပါးလွတ်လပ်နေသည်ကတော့ သေချာနေ၏။

ခူ{Completed}Where stories live. Discover now