🏔Chapter (17)🏔

723 64 22
                                    

*Zawgyi*

ခွန့်ငယ်ဆိုတဲ့ကျောက်ဆောင်ကျောက်သားကြီးဟာ ဦးခွန်ဆိုတဲ့ ရေလှိုင်းကြီးတိုက်စားပါများလာတော့လည်း ပြိုလဲကျလာခဲ့ရတာပဲ။ပယောဂဆိုတဲ့ ဆားအငန်ဓာတ်လေးနည်းနည်းခပ်ပြီးတော့တော့ တိုက်စားခဲ့ရတာပေါ့။

အနီရောင်ကတ္တီပါစောင်တစ်ခုကိုခြုံလွှားကာ အိပ်မောကျနေသော ကရနက်တစ်ယောက် နောက်ကျောဘက်မှတစ်စုံတစ်ခုလာထောက်နေသလိုခံစားနေရ၍ မအီမသာခံစားချက်ကြီးတစ်ခုဖြင့် မျက်လုံးများကဖျတ်ခနဲပွင့်လာခဲ့လေသည်။အောက်ပိုင်းမှနာကျင်မှုဟာ တကယ့်စပ်ဖျင်းဖျင်း။

မှတ်ညဏ်များကို ပြန်ခေါ်ယူကြည့်သော်...သူနဲ့ဦးခွန်ရဲ့မင်္ဂလာဦးည ပြီးဆုံးသွားခဲ့ပြီပဲ။

တပို့တွဲလ၏ဆောင်းမနက်ခင်းဟာ အေးစိမ့်လို့နေပြီး မိုးစင်စင်လင်းကာ ကျေးငှက်သာရကာတွေကအစ ခူတွေအဆုံး တစ်နေ့တာအစပျိုးသည့် လုပ်ငန်းတာဝန်များကို ကိုယ်စီလုပ်ဆောင်နေကြသည့်အချိန်။

သို့သော် သခင်ကြီး၏ဂူထဲမှာတော့ အသစ်စက်စက်သလွန်တော်ပေါ်မှာ အနီရောင်ကတ္တီပါစောင်ကိုခြုံကာဖြင့် အိပ်မောကျနေကြသော ကြင်စဦးမောင်နှံနှစ်ဦး။

မင်္ဂလာဦးညကိုကျော်လွန်သွားခဲ့ပြီဖြစ်သော ကြင်စဦးမောင်နှံနှစ်ဦး၏ သာယာလှသောမနက်ခင်းဟာ ဒီလိုလေးပါလားဟု ကရနက်တွေးနေမိသည်။

အတွေးတို့မဆုံးသေးခင် နောက်ကျောကိုလာထောက်နေသော တစ်စုံတစ်ရာဟာ လှုပ်ရှားလာသဖြင့် ကရနက် လျင်လျင်မြန်မြန်လှည့်ကြည့်လိုက်ရသည်။

"ဦးခွန်!"

ကရနက် အလန့်တကြားဖြင့်အာမေဋိတ်ပြုလိုက်သည်။ဦးခွန်က သူ့ခေါင်းအောက်လက်မောင်းထောက်ကာဖြင့် ကရနက်အားပြုံးပြီးကြည့်နေလေသည်။ဒါဆို ကရနက်၏နောက်ကျောကို လာလာထောက်နေသည်က ဦးခွန်ရဲ့...။

"နိုးလာပြီလား ခွန့်ငယ်"

ကရနက် ခေါင်းညိတ်လိုက်သည်။

"အင်း..နိုးပြီ။ဦးခွန် အိပ်မောကျနေတယ်ထင်လို့ ကျွန်တော်က နောက်လှည့်မကြည့်ဘဲ တမင်မလှုပ်မယှက်နေနေတာ။အခုတော့ ဦးခွန်က လူပါအိပ်မောမကျတဲ့အပြင် ဦးခွန်ရဲ့အကောင်ငယ်ကပါ စောစောစီးစီးနိုးနေပါရောလား"

ခူ{Completed}Onde histórias criam vida. Descubra agora