🏔Chapter (21)🏔

548 49 20
                                    

*Zawgyi*

ကိုယ့်အသားတွေကျိန်းစပ်အောင်နာတဲ့အထိ မင်းလေးကို ကိုယ်ချစ်တယ်။ချစ်ခဲ့ဖူးတယ်။မြတ်လည်းမြတ်နိုးနေမိတုန်းပဲ။

တပေါင်းသာခေါင် လများနောင်...။

တပေါင်းလပြည့်ည။

ညကောင်းကင်တွင် လမင်းကြီးက အဖြူရောင်နို့မလိုင်အိုင်လေးသဖွယ် ဝိုင်းစက်ပြည့်ဝန်းလို့။ကြယ်လေးများကလည်း သူ့ကိုအဖော်ပြုကာ ခြံရံထားပေးလျက်ရှိသည်။

ဒီညကခွန့်ငယ်စိတ်ကြိုက်လုပ်ပေးသည့်ပွဲ။ခွန့်ငယ်အလိုကျလုပ်ပေးသည့်ပွဲ။ခွန့်ငယ်အတွက်သီးသန့် ပြုလုပ်ပေးထားသည့်ပွဲ။

ပွဲခေါင်းစဉ်ကိုနာမည်တပ်ဖို့ရာကတော့ သိပ်လွယ်လှပါတယ်။သူတို့ လက်ထပ်သည့်နေ့က တပို့တွဲလပြည့်ည။ဒီညက တပေါင်းလပြည့်ည။ဆိုတော့ မင်္ဂလာတစ်လပတ်လည်လို့ ပွဲကိုခေါင်းစဉ်တပ်ချလိုက်ပြီး ခေါင်းဆောင်သခင်ကြီးတို့၏မင်္ဂလာလပတ်လည် ညစာစားပွဲဟူ၍ ခူတွေကိုဖိတ်ကြားကြေငြာလိုက်သည်ပေါ့။

ဒီညပွဲဟာ သာမန်ပွဲတွေကဲ့သို့ပင် ဂူသုံးလုံးရှေ့ကွင်းပြင်မှာသာပြုလုပ်ဖြစ်ကြသည်။သို့သော် ယခင်ပွဲများကကဲ့သို့ ဝါးလုံးယာယီစင်ကြီးတော့ရှိမနေခဲ့ပါ။

ပျော်ပွဲရွှင်ပွဲများကို ကြုံတောင့်ကြုံခဲဖြစ်နေသောခူများဟာ ပွဲဆိုသည့်အသံကြားသည်နှင့် ခုန်ပေါက်မြူးတူးကြကုန်ကာ ပွဲခင်းဆီသို့ အသီးသီးရောက်လာကြကုန်လေသည်။သခင်ကြီးနှင့်သခင်လေးတို့၏ မင်္ဂလာလပတ်လည်နေ့လေးဟုကြားသိရ၍လည်း လာရောက်ဂုဏ်ပြုချီးမြှောက်ကြခြင်းလည်းဖြစ်သည်။

ယခင်ပွဲများနှင့်မတူသည်ကတော့ သခင်ကြီးတို့နှစ်ဦးသည် ပြည်သူပြည်သားတို့နှင့်တစ်သားတည်းရှိနေကာ ပွဲကိုအတူပါဝင်ဆင်နွှဲနေကြခြင်းပင်ဖြစ်သည်။

ခွန့်ငယ်ကတော့ ထုံးစံအတိုင်းပျော်ရွှင်နေလေရဲ့။သူနဲ့လက်မထပ်ခင်တုန်းက ခွန့်ငယ်ဟာ ပွဲတွေဆိုရင်စိတ်ရှုပ်ခေါင်းရှုပ်တတ်မှန်း ဝရဇိန်ဆီမှ ဘင်္ဂကြားသိခဲ့ရသည်။ယခု ပီယဆေးကြောင့် အရာရာပြောင်းလဲသွားခဲ့ပြီဖြစ်သော ခွန့်ငယ်ဟာ ပွဲခင်းထဲမှာ ခူတွေနဲ့အတူယှဉ်တွဲလျက် ခုန်ပေါက်ကခုန်နေလေသည်။

ခူ{Completed}Tahanan ng mga kuwento. Tumuklas ngayon