🏔Chapter (6)🏔

905 101 49
                                    

*Zawgyi*

မလွန်ဆန်နိုင်ခဲ့သော တစ်ချက်လွှတ်အမိန့်တော်ကြောင့် ကရနက်ခမျာ သခင်ကြီးနေထိုင်ရာပထမဂူအပေါက်ဝသို့ရောက်လာခဲ့တော့သည်။

အမေ့ကိုထမင်းပို့နေကျအချိန်ဖြစ်တာမို့ အမေကတော့ သူ့သားအလာကို မျှော်နေရှာတော့မှာ။အမေက နေသိပ်မကောင်းတာကြောင့် ကရနက်ကို တွေ့ရရင်အားရှိသွားမှာ။သို့ပေမယ့် သခင်ကြီး၏အမိန့်ကိုမလွန်ဆန်နိုင်တာမို့ အမေ ထိုကိစ္စကိုနားလည်ပေးနိုင်ဖို့ မျှော်လင့်ရင်း။

အမေ့သားမက်လောင်းကို ရှေ့တော်ပြေးအဖြစ်အစားလွှတ်လိုက်တာမို့ အမေကျေနပ်မှာပါလေ။

ဂူ၏ရှေ့တည့်တည့်မှာတောင့်တောင့်ကြီးမတ်တပ်ရပ်နေရင်း ဂူကြီးအား တွေတွေလေးမော့ကြည့်နေသော ကရနက်။

ထူထပ်လှသောစိမ်းစိမ်းစိုစိုသစ်ပင်ခြုံနွယ်ကြီးများက ဂူကြီးကိုအုပ်မိုးထားသော တောင်တန်းမြင့်ကြီးအပေါ်၌ နေရာလပ်မကျန်ပေါက်ရောက်နေလေသည်။

သခင်ကြီးနေထိုင်ရာ ပထမဂူဟာ တခြားဂူနှစ်လုံးနှင့်မတူ ခြားနားစွာ ဂူအဝင်ပေါက်ဟာ အမြင့်ဘက်မှာရှိနေသည်။ထိုဟာလာဟင်းလင်း ဂူအဝင်ပေါက်ကြီးဆီရောက်ဖို့ရာ ကြောင်လိမ်လှေကားသဏ္ဍာန်လှေကားမျိုးနှင့်တက်မှ အမြင့်တစ်နေရာ ဂူအဝင်ပေါက်ကြီးဆီရောက်တော့သည်။

ကရနက်တစ်ယောက် မဝင့်မရဲခြေလှမ်းများနှင့် ထိုကြောင်လိမ်လှေကားကြီးမှတစ်ဆင့် အပေါ်ဘက်သို့ရောက်အောင် တက်လှမ်းခဲ့တော့သည်။

ကြောက်စိတ်များကြောင့် ရင်အစုံဟာ တဒုတ်ဒုတ်နှင့်ခုန်ပေါက်မြည်ဟီး နေလျက်။သူ့ကိုအပြစ်ပေးဖို့က သေချာသလောက်ရှိနေပြီမို့ သူ သခင်ကြီးကို သိပ်ကြောက်မိသည်။ဘယ်လိုအပြစ်ပေးနည်းမျိုးနဲ့ပေးခံရမလဲဟူ၍သာ မှန်းဆဆနှင့်တွေးနေမိတော့သည်။

ဂူအဝင်ပေါက်ရောက်တော့ ဂူက နက်စောက်စောက်သဏ္ဍာန်နှင့် အောက်ဘက်သို့ လျှောစောက်သဏ္ဍာန်နိမ့်ဆင်းသွားပြန်သည်။ဝင်္ကပါသဖွယ်ကွေ့ပက်နေသောလျှောစောက်များကို ဆင်းချလာပြီးနောက် ကြံ့ကြံ့ခိုင်မီးတုတ်လှလှကြီးများကို တွေ့မြင်လာရပြီး သခင်ကြီး အပျင်းပြေထိုင်နေကျ ပလ္လင်နှင့်တဖြည်းဖြည်းနီးကပ်လာခဲ့သည်။

ခူ{Completed}Donde viven las historias. Descúbrelo ahora