🏔Thank You Note🏔

574 30 8
                                    

*Zawgyi*

**ရှေ့မှာ ဇာတ်သိမ်းပိုင်းတင်ထားပါတယ်နော်။၂ပိုင်းပူuးpတော့ မမြင်ကြမှာစိုးလို့ပါ**

အားလုံးပဲ မင်္ဂလာပါ။ကဲ..တစ်ပုဒ်ပြီးသွားပြန်ပြီ။စတုတ္ထမြောက်တစ်ပုဒ်ပေါ့။ အမှန်တိုင်းပြောရင် အားမရခဲ့ပါ။ ဒီလိုပယောဂဇာတ်မျိုးအစချီပြီးရေးကတည်းက ဇာတ်သိမ်းမလှနိုင်ဘူးဆိုတာ အားလုံးလည်းသိကြမှာပါ။ကျနော်ကိုယ်တိုင်က HE allergicရှိတာလည်း ပါတာပေါ့..Lmao. ဆိုတော့ ဖတ်ပေးကြတဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်။အရင်က ဒီဇာတ်က အပိုင်း၂၀လောက်ပဲရှိမယ်လို့ ခန့်မှန်းထားပြီး Shortstoryသဘောမျိုးပဲပေါ့။ရေးရင်းနဲ့မှ မခွဲနိုင်လို့ ၂၆အထိတော့ရောက်လာခဲ့ရတယ်။၂လတာကာလအတွင်းအတူရှိပေးခဲ့တဲ့ Ongoing readersတွေကိုရော၊နောက်မှလာဖတ်မယ့် ဒါဒါလေးတွေပါ ကျေးဇူးအများကြီးတင်ပါတယ်နော်။

အောက်လမ်း၊အထက်လမ်းပယောဂတွေဆိုတာ အခုခေတ်မှာ အရမ်းခေတ်စားလာတဲ့အရာတစ်ခုပါ။FacebookမှာSponsoredအနေနဲ့လည်း ခဏခဏတက်လာသလို အယုံအကြည်ရှိကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒါကြောင့် ဒီဇာတ်ကိုဖန်တီးဖြစ်ခဲ့တာပါ(ကိုယ်တိုင်က ဒီကိစ္စတွေနဲ့ အကျွမ်းတဝင်မဟုတ်ပေမယ့် ဒီလိုဇာတ်မျိုးရေးရတာသဘောကျမိလို့ Follow The Trend လေ့လာသင့်တာလေ့လာပြီးရေးခဲ့ရပါတယ်)။ပယောဂတွေရဲ့အကျိုးဆက်ကတော့ ဘာတွေဆက်ဖြစ်လဲဆိုတာ ဇာတ်ထဲမှာတွေ့ပြီးခဲ့ကြမှာပါ။

ပြီးတော့ ဒီဇာတ်ကစိတ်ကူးယဉ်ဇာတ်မို့လို့ အဝေဖန်ခံရတာတွေလည်းရှိခဲ့သလို တစ်ခါမှမတွေ့ဖူးတဲ့Plotဆန်းဆန်းကြီးမို့ တချို့တွေကယုတ္တိမရှိဘူးဆိုပြီးထွက်သွားတတ်ကြပါတယ်။ပြောချင်တာကတော့ တော်တော်Riskယူပြီးဖန်တီးထားတဲ့ဇာတ်မို့ တချို့ရီဒါတွေမနှစ်သက်ရင်၊ ယုတ္တိမရှိတာတွေကိုမနှစ်သက်ရင် အေးဆေးပစ်ချခဲ့လိုက်ပါ။စိတ်မဆိုးပါဘူးရယ်။ကျနော်ကလည်း သမရိုးကျဇာတ်တွေနဲ့ကွဲထွက်ပြီး ဆန်းဆန်းလေးဖန်တီးချင်လို့သာ Plotတွေအထပ်ထပ်ချ ခက်ခက်ခဲခဲကြိုးစားပြီး Typeစုံအောင်ရေးကြည့်တဲ့သဘောပါပဲ။တချို့တွေကျတော့လည်း အရမ်းကြိုက်ကြတယ်ဆိုတဲ့Feedbackလေးတွေပြန်ကြားရတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးပါ။

ခူ{Completed}Opowieści tętniące życiem. Odkryj je teraz