အပိုင်း_၁

25 5 5
                                    

"ကျန့် ရေထတော့ သား"

"ကျောင်းနောက်ကျမယ်"

"သားရေ"

"ဟုတ်ကဲ့ထပါပါပြီ"

မထလို့လည်းမရဘူးလေ အမေကမထမချင်း တံခါးခေါက်နိုးနေတာ။ကြာရင်တံခါးစောင့် နတ်တောင်နားညီးနိုင်တယ်။

ရှောင်ကျန့်လည်း ကုန်းရုန်းထပြီး ရေချိုးခန်းထဲအမြန်ပြေးတော့တယ်။

"မေကြီး မင်းသားကလည်းကြာတာ"

"ငါကအလုပ်ရှိသေးတယ်ဟ"

"အမယ်လေး ရှင်ဆိုသည်မှာကလည်း"

"ကမ္ဘာကုလသမဂ္ဂ ထက်တောင် အလုပ်တွေများနေသေးတယ်"

"မဟုတ်ပါဘူးကွာ ဒီနေ့ ဧည့်သည်တစ်ယောက်သွားကြိုရမှာကွ"

"မနေ့ကပြောထားတဲ့ ကောင်လေးလေ"

"အော် ဝမ်ရိပေါ်ဆိုတဲ့ ပေါက်စလား"

"အေး သူ့မိဘတွေကတော့ အမေရိကန်မှာပဲ ပြန်မလာနိုင်သေးဘူး"

"တစ်ပတ်လောက်နေမှပြန်လာမှာလေ"

"ဝမ်ရိပေါ်ကတော့ ကျောင်းတက်ရမှာမို့ အစောလာရတာ"

"ထားပါတော့ ဒါနဲ့ရှင့်သား ဝက်ပုတ်နဲ့ဖြစ်ပါ့မလား"

"သူက ဂျီးကများများရယ်"

"အမယ်လေး သူမှာ သူငယ်ချင်းမှမရှိတာ အဖော်ရတာပေါ့"

"ပြီးတော့ တစ်ပတ်ထဲနေမှာလေ"

"အေးပါအေးပါ"

မားနဲ့ပါးကော်ဖီ သောက်ရင်းစကားပြော‌ေနတာကို ကျွန်တော်ခိုးနားထောင်နေတယ်။ ဝမ်ရိပေါ်ဆိုတာငယ်ငယ်က ကျွန်တော် ခန္တာကိုယ် အားကိုးနဲ့ အနိုင်ကျင့်တဲ့ ကောင်လေးမလား။

"ထားလိုက်ပါ"

လှေကားပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ပြေးဆင်လာလိုက်တယ်။

"ဟဲ့ဟဲ့ ကျန့်ရေ ဖြည်းဖြည်းဆင်းလာပါ တော်ကြာ ပစ်လဲနေမယ် "

"ဟင့်"

"ကဲကဲ ကြည့်"

"ဘာမှတောင်မပြောရသေးဘူး ဆူပုပ်ပြီး အမေကို စကားမပြောတော့ဝူး"

Smile Of LoveWhere stories live. Discover now