"ကိုကိုကြီး"
အသံတိုးတိုးလေးနဲ့ရေရွတ်လိုက်တယ် ထွက်တာမှတကယ့်တိုးတိုးလေး
ဝမ်ရိပေါ်ကတော့ စူးစမ်းတဲ့အကြည့်နဲ့ကြည့်နေတယ် ဝမ်ရိပေါ်နဲ့ရှောင်ကျန့်ကလွဲပြီး တစ်အိမ်သားလုံး ပြုံးရွှင်နေတယ်မျက်ရည်လေးအဝိုင်းသားနဲ့ ထိုလူကိုကြည့်နေတဲ့ရှောင်ကျန့်ကို ရိပေါ်တစ်ချက်လှည့်ကြည့်လိုက်၊ ဧည့်သည်လို့ခေါ်ရမလား၊ဘယ်သူမှန်းခုထိမသိသေးတဲ့ လူကိုတစ်ချက်ကြည့်လိုက်၊ အိမ်သားတွေကို ကြည့်လိုက်နဲ့ ကြည့်နေတဲ့တွက် ရှောင်ကျန့်မားကပဲစကားစလိုက်တယ်
"ဝမ်ရိပေါ် သား သားကိုမိတ်ဆက်ပေးဦးမယ်"
"သူနာမည်က ပိုင်လုချန်တဲ့ လုချန် ဒါကဝမ်ရိပေါ်တဲ့"
"ရှောင်ကျန့်နဲ့တစ်ချိန်ကျရင် လက်ထပ်မဲ့သူ ရှောင်ကျန့်ရဲ့ချစ်သူပေါ့"
"ရှောင်ကျန့်ရဲ့ချစ်သူ"×22
ရှောင်ကျန့်ရဲ့ချစ်သူဆိုတဲ့စကားကြီးကို နားထဲပဲ့တင်သံထွက်နေတယ် ဝမ်ရိပေါ်နွေခေါင်ခေါင်မိုးကြိုးပစ်သလို ရိပေါ်ရင်ထဲ ကမ္ဘာပျက်နေတယ် လုချန် နှုတ်ဆက်လိုက်တော့မှ ပျက်နေတဲ့အမူအရာကြိပြန်ထိန်းလိုက်တယ်
"တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ကျွန်တော်ရောပဲ တွေ့ရတာ ဝမ်းသာပါတယ်"
"ကျန့်ညကိုယ့်ကိုမလွမ်းဘူးလား"
"လွမ်းတယ် .....အရမ်းပဲ"
ရိပေါ်ရှေ့မေးလိုက်တဲ့လူချောင်ရဲ့မေးခွန်းကို ရှောင်ကျန့်မျက်ရည်ဝဲနေတဲ့ကြားကနေ ရိပေါ်ကိုကြည့်ပြီး ဖြေလိုက်တယ် လုချန်ကိုဖြေနေပေမယ့် အကြည့်ကရိပေါ်ဆီကမခွာ
"ကိုကိုကြီး"
"ဘာလို့ကြိုမပြောတာလဲ"
"ဒီနေ့ကျောင်းဖျက်ပြီး လာကြိုမှာပေါ့"
"Surpriseဖြစ်စေချင်လို့ပေါ့"
ရှောင်ကျန့်ဝမ်ရိပေါ်ရှေ့မှာ တမင်တကာပိုပြနေတယ် သူသိနေတယ် သူအဲလိုလုပ်ပြလေ ဝမ်ရိပေါ် ဝမ်းနည်းလေဆိုတာကိုပေါ့ ဝမ်ရိပေါ်ခဗျာ မျက်နှာပျက်ပြီးအောက်ကိုခေါင်းစိုက်ထားတယ် ဝမ်ရိပေါ်အဲလိုခံစားရပြီးနာကျင်လေ ရှောင်ကျန့်ကျေနပ်လေပဲ
YOU ARE READING
Smile Of Love
عاطفيةအဝလွန်နေတဲ့ ကောင်လေးဘဝထဲကို ချစ်ဖို့ကောင်းတဲ့ကောင်လေးဝင်ရောက်လာတဲ့အခါ ဘယ်လိုတွေဖြစ်မလဲ သူကရောပြောင်းလဲနိုင်ပါ့မလား။သူ့ပေါ်ကစာစခဲ့တဲ့လူကိုရော ကလဲ့စားချေပါ့မလား။ အနှောက်ယှက်တွေကြားကနေ သူတို့လက်တွဲနိုင်ပါ့မလား အမှန်တော့သာသာဘာရေးလည်းဆိုတာသာသာ နားမလည်ဘူး