သီချင်းညည်းကာရေချိုးခန်းထဲကထွက်လာချိန် ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ရိပေါ်ကိုတွေ့ပြီး ရုတ်တရက်အံ့ဩသွားတယ်
"သူ့ငါအခန်းထဲဘယ်လိုရောက်လာတာလဲ"
လွန်ခဲ့သော15မိနစ်ခန့်က
"အန်တီ ကျွန်တော် အပေါ်ခနတက်လိုက်ဦးမယ်"
"အေးကွယ်"
အပေါ်တက်ကာ အိပ်ချင်မူးတူးနဲ့ ဝင်ချင်တဲ့အခန်းတွေလျှောက်ဝင်ပစ်ကာ ကုတင်ပေါ် ဘုန်းခနဲသူ့ခန္ဓာကိုယ်ကို ပစ်ချပြီး အိပ်ပစ်တော့တယ် အိပ်ပြီး15မိနစ်ကြာတော့ ရှောင်ကျန့်ထွက်လာတယ်
"အိပ်နေတာလည်း ကုလားသေကုလားမော"
"ဟဲ့ရိပေါ်....ရိပေါ်"
"ဒီချိန် သူခိုးဝင်ရင် အိမ်ပြောင်ပြီ"
ANOTHER side//
"ရှောင်ကျန့်ကလည်း ကြာတာဟယ်"
"ရှောင်ေဝ...သွားခေါ်အုံး"
လက်တို့ပြီး သွားခေါ်ခိုင်း သော်လည်း အထိုင်မပျက်ဘူး ။အမှန်တော့ ကြားကိုမကြားတာ
ရာရာကောရှီရန်ကော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မဲ့ရှု့ကာ "သူဘာဖြစ်နေတာလဲ" ဆိုတဲ့သဘောနဲ့ စကားပြောနေတယ်။
ရှောင်ဝေကတော့ စဉ်းစားမပြတ်ဘူး။
ANOTHER SIDE//
"ဝမ်...ရိ...ပေါ်"
ဘယ်လောက်နှိုးနှိုး တုတ်တုတ်မှ မလုပ်တဲ့ ကလေးကြောင့် ငိုရမလိုရီရမလိုဖြစ်နေတယ်
"ဒီ....အင်"
"ထားလိုက်တော့...ဒီကလေးနဲ့ ငါလက်ဖျားခါတယ်"
အိပ်တာရှောင်ကျန့်တောင်လက်မြောက်ရတဲ့ထိ ကာလနဂါးဝင်စားသလားထင်ရတယ်။မနိုင်ဘူးဆိုတဲ့ အပြုံးနဲ့ ပြုံးကာခေါင်းရမ်းပြီး အဝတ်စားဝတ်ရန် လှည့်ထွက်သွားခါနီး ရိပေါ်ရှောင်ကျန့် လက်ကိုဆွဲလိုက်တယ်။ရှောင်ကျန့် ပြုံးနေရင်း ချက်ခြင်းရုပ်ပြန်တည်ပြီး နောက်လှည့်ကြည့်လိုက်တယ်
မျက်လုံးဖွင့်တယ်ဆိုရုံပဲ ဖွင့်ထားပြီး ယောင်နေတယ်
"ရှောင်.....မမုန်းပါနဲ့"
YOU ARE READING
Smile Of Love
Romanceအဝလွန်နေတဲ့ ကောင်လေးဘဝထဲကို ချစ်ဖို့ကောင်းတဲ့ကောင်လေးဝင်ရောက်လာတဲ့အခါ ဘယ်လိုတွေဖြစ်မလဲ သူကရောပြောင်းလဲနိုင်ပါ့မလား။သူ့ပေါ်ကစာစခဲ့တဲ့လူကိုရော ကလဲ့စားချေပါ့မလား။ အနှောက်ယှက်တွေကြားကနေ သူတို့လက်တွဲနိုင်ပါ့မလား အမှန်တော့သာသာဘာရေးလည်းဆိုတာသာသာ နားမလည်ဘူး