အပြာရောင်အကျီလက်ပြတ်လေးရယ်ဘောင်းဘီတိုအဆင်ကြားနက်ပြာရောင်လေးရယ် ခုခေတ်စတိုင်ဆံပင်ရွှေအိုရောင်ကိုမှ အဖြူဘက်နည်းနည်းသွားတဲ့ ဆံပင်ကေလေးရယ်နဲ့ လေယဉ်ပေါ်ကနေ ဆင်းလာတာ စောက်ရမ်းနန်းဆန်လွန်းတယ်။ အပြာရောင်အကျီမှာ ထိုးထားတဲ့စာတန်းလေးက I will eat youတဲ့။
(ဂွဒ် စာတန်းကြီးကဆာတာ)
ကားကိုမှီရင်း လက်ပိုက်ကာရပ်စောင့်နေတဲ့ ရှောင်ကျန့်ပါးကိုတွေ့တော့ ဝမ်ရိပေါ်ရီပြလိုက်တယ်။ရှောင်ကျန့်ပါးကလည်း "သူဒီမှာ" အဲလိုပုံနဲ့ လက်ရမ်းပြလိုက်တယ်။
"နိဟောင်"
"နိဟောင်ပါ ဦးလေး"
"စောင့်ရတာကြာသွားတဲ့တွက် ဆောရီးပါ အန်ကယ်"
"လေယဉ်ကနောက်ကျမှ ထွက်လို့ပါ"
"ရပါတယ် ကြည့်ပါဦး ထွားလာလိုက်တာ"
"မဟုတ်တာ"
"ကဲဒါဆို ရိပေါ်ကားပေါ်တက်"
"ဒီနေ့ မင်းတီလေးက မင်းကြိုက်တဲ့ ဟင်းတွေချက်ထားတယ်"
"နံနံပင်ကောပါလား"
လျှာလေးသက်ပြီးမေးတဲ့အကြည့်ကတော့ပျောက်ကိုမပျောက်သေး။အူးယားစရာလေးဟယ်။bodyနဲ့ရုပ်နဲ့မှ မလိုက်။
"ဝမ်ရိပေါ် မတွေ့ရတဲ့နှစ်တွေ မင်းပိုချောလာတယ် ပိုလည်းထွားလာတယ်"
"ပါးကြီးတွေဆိုတာကလည်း ဖောင်းကားလို့"
"အိမ်က စိတ်ဆိုးစိန်နဲ့ကွာပ"
"ဟားးဟားးးးးကောက်စိန်ကခုထိကောက်တုန်လား"
"မတွေ့ရတဲ့ နှစ်အတော်တွင်း သားသူ့ကိုလွမ်းနေတာ"
"သားကိုသူမှတ်မိပါ့မလားမသိ"
"သူ သားကိုတွေ့ချင်ပါ့မလား အန်ကယ်"
"အဟဲဟဲ"
လွန်ခဲ့တဲ့နှစ်တွေလို့ပြောတိုင်း ရိပေါ် စိတ်မကောင်ဖြစ်မိတယ်။သူနဲ့ ရှောင်ကျန့်တွက် အတိတ်ဆိုးတွေရှိခဲ့လိုပေါ့။ ကျန့်ကောခုလိုဖြစ်တာလည်း သူ့ပယောဂ မကင်းဘူးလေ။
ရုတ်တရက်ကြီးငြိမ်ကျသွားတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်ပါး သဘောပေါက်လိူက်တယ်လေ။
YOU ARE READING
Smile Of Love
Romanceအဝလွန်နေတဲ့ ကောင်လေးဘဝထဲကို ချစ်ဖို့ကောင်းတဲ့ကောင်လေးဝင်ရောက်လာတဲ့အခါ ဘယ်လိုတွေဖြစ်မလဲ သူကရောပြောင်းလဲနိုင်ပါ့မလား။သူ့ပေါ်ကစာစခဲ့တဲ့လူကိုရော ကလဲ့စားချေပါ့မလား။ အနှောက်ယှက်တွေကြားကနေ သူတို့လက်တွဲနိုင်ပါ့မလား အမှန်တော့သာသာဘာရေးလည်းဆိုတာသာသာ နားမလည်ဘူး