ရှောင်နဲ့ဝမ်ရိပေါ်စကားအချေအတင်ဖြစ်နေတဲ့ချိန်မှာ အတန်းကလူတွေရာ ဘေးကပါဝိုင်းကြည့်နေတဲ့အတွက် ဘာမှဆက်မပြောတော့ပဲ အခန်းထဲဝင်လိုက်တယ်။ဒီလိုနဲ့ဆရာရောက်လာပြီး ဝမ်ရိပေါ်လည်းအားလုံးနဲ့မိတ်ဆက်ပြီး သူ့နေရာဖြစ်တဲ့ ပြူတင်းပေါက်အစွန်းမှာသွားထိုင်လိုက်တယ်
ဒီလိုနဲ့စာသင်ချိန်လေးချိန်ကိုကျော်ဖြတ်ပြီး နေ့လယ်နားချိန်ရောက်လာတော့ ထမင်းတူတူစားဖို့ ခေါ်တယ် ကျွန်တော်ကငြင်းပေမယ့် ရှောင်ဝေတို့ တစ်သိုက်က ခေါ်ဖို့ တိုက်တွန်းတဲ့အတွက် ထမင်းတူတူစားဖို့ ခွင့်ပြုလိုက်တယ်
..
.
.
.
.
.
~~*Wen di sheng du chou Chang*~~*Yun shen ye wei yang*
ထမင်းစားနေတဲ့ချိန် ဝမ်ရိပေါ်ဖုန်းမှမြည်လာတဲ့အသံကြောင့် ကိုယ်ကိုယ်တိုင်တောင်သတိမထားမိပဲ စူးစမ်းတဲ့မျက်လုံးနဲ့ကြည့်မိတယ်
မားတို့ပြောဖူးတဲ့ သူနဲ့စေ့စပ်တော့မယ့် မိန်းကလေး ဖုန်းများဖြစ်မလာစဆိုတဲ့စိတ်နဲ့ပေါ့နေရာကနေထသွားပြီးတိုးတိုးနဲ့ပြောနေတယ် ကျွန်တော်လည်း သူဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးဆိုတဲ့ဘအတွေးနဲ့ မန်မန်ဆက်စားနေလိုက်တယ် ခနအကြာတော့ သူထမင်းဝိုင်းဆီပြန်လာတော့ မျက်နှာပျက်နှာတွေ့တယ် သေချာတယ်အဲဒါဟိုမိန်းကလေးဆီကဖုန်းပဲ။
"ဝမ်ရိပေါ် ဘယ်ကဖုန်းမလို့ မျက်နှာကအဲလောက်ထိ ပျက်နေတာလဲ"
သိချင်တဲ့စိတ်ကိုထိန်းမရပဲမေးမိလိုက်တယ်
"ဟို"
အဲစကားနဲ့ပဲတစ်နေပြီး ဆက်မပြောနိုင်ဖြစ်နေတာနဲ့ သူ့တွက်ခက်ခဲမယ့်အရာမို့ အတင်းမေးမနေတော့ဘူးလို့ဆုံးဖြတ်လိုက်တယ် အဲလိုချိန်ကျတော့ သူကပြန်ဖြေပြန်ရော။
ကျွန်တော်မကြိုက်တာအဲဒါတွေပဲ သူ့ပေါ်လက်လျှော့မဲ့အချိန်ကျရင် သူကပေါ်ပေါ်လာတတ်တယ် ကျွန်တော်ဖမ်းဆွဲထားတဲ့အချိန်တုန်းက သူဘယ်ရောက်နေမှန်းမသိဘူး
"ရပါတယ် ဖြေမနေပါနဲ့တော့ မင်းဖြေရခက်ရင်လည်း"
"အဲလိုမဟုတ်ပါဘူး ပါးနဲ့မားကဒီလကုန်ပြန်လာတော့မယ်တဲ့"
YOU ARE READING
Smile Of Love
Romanceအဝလွန်နေတဲ့ ကောင်လေးဘဝထဲကို ချစ်ဖို့ကောင်းတဲ့ကောင်လေးဝင်ရောက်လာတဲ့အခါ ဘယ်လိုတွေဖြစ်မလဲ သူကရောပြောင်းလဲနိုင်ပါ့မလား။သူ့ပေါ်ကစာစခဲ့တဲ့လူကိုရော ကလဲ့စားချေပါ့မလား။ အနှောက်ယှက်တွေကြားကနေ သူတို့လက်တွဲနိုင်ပါ့မလား အမှန်တော့သာသာဘာရေးလည်းဆိုတာသာသာ နားမလည်ဘူး