"ရာ ဒီချိန်ကြီး ဘယ်ကပြန်လာတာလဲ"
"ဟဲ့မေးနေတယ်ဖြေလေ "
"ဘာဖြစ်ဘူး အပေါ်တက်နားတော့မယ်"
"နင်ဖြစ်နေပါတယ် ဖြေခုဖြေ"
စပ်စုအရမ်းကြတဲ့ အစ်မကြောင့် ဒေါသပိုထွက်လာကာ အော်မိတယ်
"ဘာမှမဖြစ်ဘူးလို့ ပြောပြီးပြီလေ!!"
"ခနလောက်လွှတ်ထားလို့မရဘူးလား"
"သမီးဘာသာ ဘာဖြစ်ဖြစ် ဂရုမစိုက်လို့မရဘူးလား"
"အစ်မ အရင်တုန်းကပစ်ထားသလို ပစ်ထားလိုက်"
"ရာ နင့်အစ်မကိုဘယ်လိုစကားေပြာလိုက်တာလဲ"
"ကြားတဲ့တိုင်းပဲ"
"ရာ နင်အရမ်းမိုက်ရိုင်းနေပါလား"
"ဒီကောင်မလေးတော့"
"အမေ ရာကိုမလုပ်ပါနဲ့"
"လုပ်လိုက်လေ အမေ အမေသမီးပဲ "
"အမေရော အစ်မရောသမီးပေါ်ဆိုအကောင်းမမြင်ကြဘူး အစ်မပေါ်မှာပဲ အမြဲကောင်းတယ် မွေးနေ့ဆိုလည်း သူ့ကိုလုပ်ပေးတယ် သမီးနဲ့အကိုငယ်နဲ့ကို ဂျောင်ကပ်ထားတယ် ဒါကြောင့်အကိုငယ်က ပြန်မလာတာ"
"ဒါကြောင့်အဖေကလည်း အမေ့ကိုထားပြီး နောက်အိမ်ထောင်ပြုတာ"
"ဖြန်း"
ရာရာရဲ့စကားအဆုံးမှာသူပေါ်ကျလာတဲ့ သူ့အမေရဲ့ လက်ဝါး၊ ရာရာအမလည်း အမြန်ပြန်ထိန်းလိုက်တယ်
"အမေကိုယ့်သမီးကို"
"နင်ဝင်မပါနဲ့"
"အေးဟုတယ် နင်အစ်မကိုပိုချစ်တယ် နင့်အစ်မကြောင့် နင်ကျောင်းစရိတ် မပူမပန်နဲ့ တက်နေရတာ၊ နင်အမကြောင့် ငါတို့စားဝတ်နေရေး အဆင်ပြေနေရတာ"
"နင့်အမကြောင့် နင့်အဘွားဆေးဖိုး တတ်နိုင်တာ"
ငိုသံပါကြီးနဲ့ပြောလာတယ် ရာရာအမေနဲ့ ငိုနေတဲ့ရာရာကြောင့် ရာရာ့အမမျက်ရည်ဝဲနေတယ်
"ဒါကြောင့် သမီးလည်း အချိန်ပိုင်းအလုပ်လုပ်မယ်ပြောတေယ့ အမေလက်ခံခဲ့လား"
"အမ အမ အမ အမ အမ အမ!!"
"အမေ့မျက်လုံးထဲမှာ သမီးက အဲလောက်တောင်အသုံးမကျဘူးလား"
YOU ARE READING
Smile Of Love
Romanceအဝလွန်နေတဲ့ ကောင်လေးဘဝထဲကို ချစ်ဖို့ကောင်းတဲ့ကောင်လေးဝင်ရောက်လာတဲ့အခါ ဘယ်လိုတွေဖြစ်မလဲ သူကရောပြောင်းလဲနိုင်ပါ့မလား။သူ့ပေါ်ကစာစခဲ့တဲ့လူကိုရော ကလဲ့စားချေပါ့မလား။ အနှောက်ယှက်တွေကြားကနေ သူတို့လက်တွဲနိုင်ပါ့မလား အမှန်တော့သာသာဘာရေးလည်းဆိုတာသာသာ နားမလည်ဘူး