U&Z
"ခင်ဗျားထမင်းစားစရာ ဒီနေရာပဲရှိလား"
ထမင်းကုန်းစားနေရင်းကတဖက်ကလှမ်းမေးသည့်ပေါက်စကိုသူတစ်ချက်ကြည့်ရင်း
"ထမင်းကဘယ်နေရာစားစားရတယ်'မင်းမျက်နှာကြည့်ပြီးစားဖို့ကျဒီနေရာပဲရှိတယ်"
သူ့စကားဆုံးသည်နှင့်ပေါက်စမျက်နှာဖျက်ခနဲရဲတက်သွားသည်မို့သူပြုံးမိ၏၊သူ့ကိုမကြိုက်တာလည်းမဟုတ်အလကားဟန်ဆောင်နေတယ်။
"ကိုဝေယံ"
တဖက်မှခေါ်သံကြောင့်ဝေယံလှည့်ကြည့်မိတော့အလင်္ကာ၊သူ့ရှေ့ကပေါက်စကတော့အလင်္ကာကိုမြင်သည်နှင့်စားနေသည်ကိုလက်စသက်ရင်းထထွက်ပြေးတော့၏။
"အလင်္ကာ ဘာကိစ္စရှိလို့လဲ"
သူရှေထိုင်ခုံးအလွတ်ကိုဝင်ထိုင်ရင်းက၊ထမင်းပုဂံထည့်ထားသည့်ဗန်းကိုစားပွဲပေါ်ရင်တင်ပြီးမှသူ့ကိုတစ်ချက်ကြည့်၏၊
နက်မှောင်သည့်ဆံပင်ကိုသေသပ်စွာလှန်တင်ထားပြီးမျက်ခုံးတန်းတန်းတွေကပို၍
ထင်းနေ၏၊နီရဲနေသည့်နှုတ်ခမ်းကဆေးလိပ်မသောက်သလိုကျန်းမာရေးကောင်းမွန်းသည့်လဏ္ခာပြနေသလို၊တည်ငြိမ်သည့်အကြည့်ကတဖက်လူကလေးစားရလောက်သည့်အထိ၊ဒီကောင်သေချာကြည့်လေ
ချောလေပဲ'မာန်'ပါသွားတာလည်းမပြောနဲ့။"ဟိုတစ်ခေါက်ကကိစ္စကို၊ကျွန်တော်ကျေးဇူမတင်နိုင်ဘူး ကိုဝေယံ"
အလိုလေးမျက်လုံးကအနည်းငယ်ဒေါသပါနေသလို၊ကိုယ့်ကြောင့်သူတို့နတ်ပြည်ရောက်သလိုခံစားရတာကိုကျေးဇူမတင်ဒေါသဖြစ်နေသေး
"ကိုယ်ကလည်းကျေးဇူအတင်ခံချင်လို့လုပ်တာမဟုတ်ပါဘူး၊ဟိုတစ်ခါကိစ္စကြောင့်ပြန်ပေးလိုက်တဲ့သဘောပဲ၊ကိုယ်သူများအကြွေးကိုအတင်မခံတက်လို့"
သူ့စကားထဲဘာအမှားပါလို့လဲ၊ခရင်းကိုကျစ်ကျစ်ပါအောင်ကိုင်ထားသည့်အလင်္ကာပုံစံက၊သူ့ကိုထိုးချင်နေပုံရသည်။
"ခင်ဗျားကြောင့်' ကျစ်! .. တော်ပြီနောက်တစ်ခါအဲဒီလိုမလုပ်နဲ့၊ ဖြစ်နိုင်ရင်'ကိုကို'Bar လာရင်တောင်အရက်မတိုက်ပါနဲ့ ကိုဝေယံ"
YOU ARE READING
ETERNAL OWNER [Completed]
RomanceMyanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle 18+ အနည်းငယ်ပါမည် ⚠️