Extra

2.4K 78 4
                                    

အလင်္ကာဆယ်တန်းဖြေပြီးသည့်နှစ် မိဘ‌တွေကဆရာဝန်ဖြစ်တာကြောင့် သူလဲဆရာဝန်
ဖြစ်ချင့်သည့်စိတ်အခံပါလာခဲ့၏။ ဒါကြောင့်
ဆေးကျောင်းအမှတ်ဝင်အောင်ကြိုးစားခဲ့သည်။ အဖေနဲ့အမေက သားဖွားမီးယပ်အထူးကုဆိုတော့သူက နှလုံးဒါမှမဟုတ် အရိုးအထူးကုဖြစ်ချင်မိသည်။

ဒါပေမယ့်သူဆယ်တန်း‌ဖြေပြီးသည့်နေ့မှာပဲ
ဖေဖေနဲ့မေမေရဲ့စကားကြောင့်သူ့စိတ်ကူးတွေပြောင်းလဲခဲ့သည်။

"သားမယုံနိုင်မှန်းဖေဖေသိပေမယ့် မာန်ကကိုယ်ဝန်ဆောင်နိုင်တဲ့ယောင်္ကျားလေး တနည်းအားဖြင့်ဆိုရရင် မျိုးကွဲ Omega "

ဖေဖေစကားကသူ့ကိုရှော်ခ်ရစေသည်။ဘာမှ
ပြန်မပြောမိဘဲသူ့အခန်းထဲသာဝင်ပြီးတံခါးကိုလော့ချထားလိုက်ပြီး နှစ်ရက်တိတိ Omega နဲ့ပတ်သတ်သမျှကိုသူရှာဖွေခဲ့တယ်။ မယုံကြည်နိုင်ပေမယ့်ကတယ်ရှိနေတဲ့ဒီအဖြစ်အပျက်ကြောင့်သူငိုမိတယ်။

အဲ့ဒီအချိန်ကစပြီးသူ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။ကိုကိုသူ့ကိုမုန်းသွားပါစေ သူကိုကို
အဆုံးထိကာကွယ်သွားမည်။ သူဆေးကျောင်းအမှတ်ဝင်တဲ့အခါ သားဖွားမီးယပ်ပိုင်းကိုလေ့လာခဲ့တယ်၊တဖက်မှာလဲကိုကို ကိုမျက်ချေမပျက်စောင့်ကြည့်နေခဲ့တယ်။ ဒါပေမယ့်
ကိုကိုကဟန်ဆောင်‌ကောင်းတယ်၊သူသိထားတဲ့ Heat Circling ဆိုတာအသက် ၁၈ နဲ့ ၂၀
ကြားစတင်လက္ခဏာပြတယ်ဆိုပေမယ့်၊ကိုကိုကတော့ပုံမှန်အတိုင်းပဲ။

ဒါပေမယ့်သူတို့မမျှောင်လင့်ထားတဲ့အခြေအနေတစ်ခုကို ကိုကိုဘက်အရင်စလာခဲ့တယ်။

" ကိုကိုက US မှာပညာသွားသင်မလို့ဟုတ်လား အန်ကယ် "

" အေး.. ငါလဲတားပါသေးတယ်၊ ဒါပေမယ့်မင်းသိတဲ့အတိုင်းဒီကောင်ကတဇွတ်ထိုးသမား"

ဦးနဲ့အန်တီတို့က သူ့တို့အိမ်ရောက်လာပြီး ကိုကိုနိုင်ငံကြားမှာကျောင်းသွားတက်မယ့်အကြောင်းကို ဖေဖေတိုနဲ့လာတိုင်ပင်ကြတာပင်။

" ဘာပဲဖြစ်ဖြစ်နောင်လဲသိမယ့်အတူတူ ငါတို့ဖွင့်ပြောလိုက်ရင်မကောင်းဘူးလား မိုးမာန်"

ETERNAL OWNER  [Completed]Where stories live. Discover now