U&Z
ငါကမိန်းကလေးပါအလင်္ကာ.. မိန်းကလေးတန်မဲ့နင့်ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့ဖွင့်ပြောခဲ့တယ်..နှစ်ကြိမ်တိတိနင့်ဘက်ကငါ့ကို နှစ်ကြိမ်စလုံး ပြတ်ပြတ်သားသားငြင်းပစ်ရက်ခဲ့တယ်။ ငါလည်းအရှက်ရှိသလိုသိက္ခာနဲ့နေတဲ့မိန်းမသားတစ်ယောက်ပါ.. နင်နဲ့မှ..နင့်ကျမှ ငါ့အရှက်၊ငါ့သိက္ခာတွေကိုခဝါချပြီးအရဲ့စွန့်ပြီးဖွင့်ပြောခဲ့တာ..။ နင်ဖြစ်နေလို့
ဒါပေမယ့်.. အလင်္ကာဆိုတဲ့နင်က အရမ်းပြတ်သားလွန်းတယ် .. အဲဒီပြတ်သားလွန်းတဲ့နင့်ရဲ့ငြင်းဆိုမှုတွေကြောင့်ပဲ..ငါ့နှလုံးသားကနှစ်ကြိမ်တိုင်တိုင်စိတ်စိတ်အမွှာမွှာကွဲကြေခဲ့ပြီ... မုန်းတယ်..နင့်ကိုမုန်းပစ်ချင်တယ် အလင်္ကာ။ နင့်ကြောင့်အချစ်ကိုခံစားခဲ့ရသလို နင့်ကြောင့်ပဲအချစ်ကိုကြောက်မိသွားပြီ.. ခံစားစေချင်တယ်ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ်ပစ်ပယ်သွားတဲ့အခါ.. ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုငြင်းပယ်ပစ်တဲ့အခါ.. နင်ကိုလည်းတစ်ခါလောက်တော့ခံစားစေချင်တယ်။မစားရတဲ့အမဲသဲနဲ့ပတ်တယ်ပဲဆိုဆို.. ဒီနေရာမှာငါကဗီလိမ်မကြီးပဲဆိုဆို.. နင်နာကျင်နေတာကိုတစ်ခါလောက်တော့မြင်ချင်မိတယ်..တစ်ခါလောက်ပါပဲ။
"ဒေါက်တာ..! ဟို... ဗိုက်က.."
ယမှုံအတွေးတွေနယ်လွင့်နေတာ သူ့ရဲ့အလုပ်ကိုပင်မေ့လို့နေ၏ ကိုယ်ဝန်သည်ဗိုက်ကို
အက်ထရာစောင်းနဲ့စမ်းသပ်နေတာတော်တော်ပင်အချိန်ကြာမြင့်နေပြီမို့..အောက်ကကိုယ်ဝန်သည်ကပင်သတိပေးမှ.. အသိတို့ကပစ္စုပ္ပန်ကိုရောက်ရှိလာတော့၏။" ဪ... အင်း.. ဟိုကလေးနှလုံးခုန်သံနားထောင်ချင်လား.."
ထမင်းစားချိန်ပင်အနည်းငယ်ကျော်နေပြီမို့ ယမှုံကန်တင်းဘက်ထွက်လာခဲ့၏၊ အလင်္ကာ က Night duty မို့ ယမှုံအတွက်ကံကောင်းသည်ပဲပြောရမလား.. အဲ့ဒီနေ့ကထဲက ယမှုံသူ့ကိုရှောင်နေမိ၏.. အဲဒီနေ့ကသူ့မျက်ဝန်းတွေကို ယမှုံမှတ်မိသေးသည်။ စူးရှပြီးပြတ်သားတဲ့အရိပ်အယောင်များလွှမ်းဖုံးနေသည့်မျက်ဝန်းတွေ..
"ဟဲ့.. ဇော်ဇော်.."
သူ့ရှေ့ကနေဖြတ်ပြေးသွားသည့် ဇော်ဇော်ကို
ယမှုံလှမ်းခေါ်လိုက်တော့ တိခနဲ့ခြေလှမ်းတို့ရပ်ကုန်၏..
YOU ARE READING
ETERNAL OWNER [Completed]
RomanceMyanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle 18+ အနည်းငယ်ပါမည် ⚠️