U&Z
"မင်းရောဘယ်လိုမြင်လဲ"
"သာမာန်ပါပဲ။အခုလိုလုပ်နေမယ့်အစားတိုက်ရိုက်မေးလိုက်ပါလား Boss"
မေးချင်တာပေါ့။ဒါပေမယ့်မေးလဲမမေးချင်ဘူး ကိုယ့်စိတ်ကသူ့အပေါ်အပြည့်အဝယိုင်နေပေမယ့်ဝန်ခံဖို့ဘာတွေကများတားဆီးနေသလဲ။ ကိုယ်ဝန်ရှိလာတဲ့နောက်ပိုင်းသူ့အပေါ်အရမ်းမှီခိုလာမိတာကိုသိတယ်၊သူမရှိရင်မနေတက်တဲ့စိတ်ကိုသတိထားမိလာတယ်၊အခုလဲဝေယံညီမယမှုံနဲ့သူ့အလုပ်ထဲကဆက်ဆံရေးကိုပါနောက်ယောင်ခံလိုက်ဖို့ဝဏကိုအကူအညီတောင်းထားအထိ။
ဝဏပြောသလိုတိုက်ရိုက်မေးချင်ပေမယ့်
ဘယ်လိုမေးရမလဲ၊မေးရောမေးသင့်လား။
ဘာကိုမှတွေဝေမနေတက်တဲ့ကိုယ်ကသူနဲ့ကျမှဘာတွေကိုစဉ်းစားချင့်ချိန်နေမိမှန်းမသိ။ ဝဏရိုက်လာတဲ့ဓါတ်ပုံထဲမှာလဲသူနဲ့ယမှုံဦးကသာမာန်သူငယ်ချင်းအဆင့်သာသာပါပဲ။ ဒါပေမယ့် ဟိုနေ့ကယမှုံဦးရဲ့ဖုန်းထဲကစကားကိုတော့တုန်လှုပ်မိတာအမှန်ပဲ။!Congratulations ပါမာန်တဲ့! သူယမှုံဦးကိုဘာတွေများပြောထားလဲ။ယမှုံဦးကရောငါ့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲ၊တစ်ယောက်ထဲအတွေများနေတာမခံနိုင်တဲ့အဆုံးဝဏကိုအကူအညီတောင်းမိတဲ့အထိပါဖြစ်လာတော့တယ်။
"ဟို! Boss"
"အင်း ပြောကြည့်"
"ဘာလေးလဲ Boss"
"မိန်းကလေး"
"ဪ ကျွန်တော်ကယောင်္ကျားလေးကိုယ်ဝန်ဆောင်တယ်ဆိုတော့ ယောင်္ကျားလေးပဲမွေးမယ်ထင်နေတာ"
ဝဏစကားဆုံးတော့ ရှေ့ထွက်နေတဲ့ဗိုက်ကိုလက်နဲ့အသာပွတ်ရင်းပြုံးယောင်လေးသမ်းနေတဲ့ သူ့ Boss ကိုသေချာကြည့်မိမှအရင်ထက်ပိုနေနုနေတာအမှန်ပင်။ ပါးမို့မို့တွေကပန်းရောင်သမ်းနေပြီးနှုတ်ခမ်းတွေကအရင်ထက်ပိုရဲနေလို့နေသေးတယ်။ဧကန်နဆေးလိပ်ဖြတ်ထားတာလဲပါလိမ့်မည်။အရင်ထက်အနည်းငယ်ဝလာတာပြီးအရင်ထက်အသားတွေပိုဖြူလာသေးတယ်။သူ့ကိုခိုင်းစရာရှိတယ်လို့ပြန်ခေါ်တဲ့နေ့ကနိုင်ငံခြားကပြန်ရောက်နေပြီထင်ခဲ့တာ၊ အိမ်ရဲ့ဧည့်ခန်းထဲမှာဗိုက်ပူနဲ့ထိုင်နေတဲ့ Boss ကိုမြင်တော့သူ့အိမ်မှားပြီးဝင်လာမိသလားပေါ့။ဒါမှမဟုတ်ရောဂါတစ်ခုခုများလားဆိုပြီးစိုးရိမ်နေခဲ့တာ။ကိုယ်ဝန်ဆောင်နေရတယ်ဆိုတော့ပိုပြီးအံ့ဩခဲ့ရသေးတယ်။ အကြောင်းစုံအသေးစိတ်သိလိုက်ရမှလောကကြီးကဆန်းကြယ်ပါသလားလို့ထင်ခဲ့မိတယ်။
YOU ARE READING
ETERNAL OWNER [Completed]
RomansaMyanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle 18+ အနည်းငယ်ပါမည် ⚠️