U&Z
"မကြိုက်ဖူးဆို.. apple ကြိုက်ဖူး"
" ဘာလို့လဲ apple မိန်းကလေးဆိုတာအရောင်နုနုလေးတွေနဲ့ပိုလှတာလေ ငါ့မြေးအသားလေးကဝါဝင်းနေတော့ပန်းရောင်လေးနဲ့အရမ်းလိုက်တာ"
" ဖိုးဖိုး .. apple favorite color က black ပဲ
ကျန်တဲ့ ကာလာနုတွေ apple ကြိုက်ဖူး "" ကဗျာမာန်.. ပြောလေကဲလေပါလား "
" ဟီး!! ဖိုးဖိုး apple ကိုအော်တယ် ပါးပါးပြန်လာရင်တိုင်ပြောမယ်"
" တိုင်တိုင်! ညည်းပါးပါးကိုကြောက်မယ်များထင်နေလား။ အကျင့်ကိုကသူ့အဖေအတိုင်းပဲ "
" ဖေဖေ့"
ဆေးရုံကပြန်ရောက်သည်နှင့်အိမ်ထဲကမြေးအဖိုးအသံကြားရုံနဲ့ဘာကိစ္စစကားများနေလဲ အလင်္ကာတန်းသိသည်။ အဖိုးလုပ်သူကမိန်းကလေးမို့ အနုအယွဆင်ချင်သလောက် မြေးလုပ်သူကနာမည်နဲ့မလိုက်အောင်ကဗျာမဆန်ပါ။ဒါကြောင့်ထို့အခန်းကိစ္စနဲ့မြေးအဖိုးနှစ်ယောက်ခဏခဏစကားများ၏။ ကိုကိုပြောခဲ့သလိုပဲ ကဗျာလေးဟာ ကိုကိုစိတ် ကိုကိုအကျင့်နဲ့ထပ်တူကျနေသည်မို့
ဖိုးအေနဲ့တစ်စက်ကလေးမှမတည့်။ အခုလဲအိမ်ထဲဝင်လာသည့်သူ့ကိုပြေးဖက်ကာတိုင်တန်းနေသည်မှာတဆုံး"ဖေဖေ...ဖေဖေ ဖိုးဖိုးမကောင်းဘူး apple ကိုအော်တယ်"
"apple ကဖိုးဖိုးမကြိုက်တာဘာသွားလုပ်လို့လဲ"
" ဖိုးဖိုးကသာ apple မကြိုက်တာကိုလုပ်တာပါနော်.. မိန်းကလေးဖြစ်တိုင်း ပန်းရောင်ကြိုက်ရမှာလား ဖေဖေစဉ်းစား apple သဘောမကျတဲ့အဲ့အခန်းမှာ apple နေဘူး"
ငါးနှစ်သာရှိသေးတဲ့သမီးလေးကစကားအရမ်းတက်လွန်းသည်။ ဗိုက်ထဲမှာထဲကပန်းသီးကြိုက်တဲ့သမီးလေးဟာအခုလဲပန်းသီးကိုလက်ထဲကမချတစ်ကိုက်
ကိုက်လိုက်စကားပြောလိုက်နှင့် ပါးစပ်ထဲတွင်ပန်းသီးတွေကပလုပ်ပလောင်း။
ဒါကြောင့်အိမ်နာမည်ကိုချစ်စနိုးနဲ့ apple လို့အလွယ်ခေါ်ကြသည်။ ဖြူဖြူသွယ်သွယ်သမီးလေးကသူတို့နှစ်ယောက်လုံးနဲ့တူတာမို့အရပ်ကတော့ရှည်မည့်ပုံ။ဂုတ်ထောက်နေသည့်နီကြင်ကြင်ဆံပင်လေးကိုခပ်မြင့်မြင့်လေးစီးထားပြီးရှေ့ကိုဆံမိတ်ကလေးချထားသည့်သမီးကပါးဖောင်းဖောင်းလေးနဲ့မျက်ရစ်မရှိပေမယ့် ချစ်စရာအတိ။ စူလုံးလုံးနှုတ်ခမ်းလေးက သူ့အဖိုးကိုအလိုမကျလို့စူချိတ်နေတာများ ကိုကိုစိတ်ကောက်သည့်ပုံစံ
နှင့်တစ်ပုံစံထဲပင်။ပေါင်တိုဘောင်းဘီအမဲနဲ့တီရှပ်အဖြူလေးကိုတွဲဝတ်ထားသည့်သမီးလေးကသူ့မျက်လုံးထဲတွင်ချစ်မဝလေး။ ဖောင်းအစ်အစ်ပါးလေးကိုရွှတ်ခနဲမည်အော
င်တစ်ချက်နမ်းလိုက်ရင်း
YOU ARE READING
ETERNAL OWNER [Completed]
RomanceMyanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle 18+ အနည်းငယ်ပါမည် ⚠️