U&Z
"မင်းဆက်ဆက်လာခဲ့နော် အလင်္ကာ"
"လာမှာပေါ့ဟ"
"ဇော်ဇော်နင့်မျက်နှာဖြီးနေတာကြီးလဲထိန်း။
အကိုလဲဒါဆေးရုံဆိုတာသတိရ။နောက်တပတ်လက်ထက်တော့လူတွေဆိုတိုင်းရှေ့နောက်မကြည့်အဖြစ်သည်းပြမနေနဲ့။ အကိုတို့အတွဲတွေမရှက်ပေမယ့် ယမှုံရှက်တယ်"ဇော်ဇော်ခါးလေးကိုဖြစ်ညှစ်အောင်ဖတ်ထားရင်းပါးလေးနမ်းလိုက်၊ခေါင်းလေးနမ်းလိုက်၊နှာခေါင်းကိုလက်ညိုးလေးနဲ့ဖိဆွဲလိုက်နဲ့ချစ်ရည်လူးပြနေတဲ့နှစ်ယောက်ကိုယမှုံကြည့်ရင်းအမြင်ကပ်လာသည်မို့။ တမင်ပြောလိုက်ပေမယ့်ပူးနေတဲ့နှစ်ယောက်ကနည်းနည်းမှခွာမသွားပဲ သူမကိုသာမျက်စောင်းတွေလှမ်းပစ်နေသည်။
"နင်အားကျတယ်နေတယ်မှတ်လားမှုံမှုံမ"
"အော့!! တော်ပါဟယ် နင်တို့အဖြစ်သည်းနေလို့ပြောတာ"
"ထားလိုက်ပါယမှုံရာ"
"ဪအလင်္ကာ ကိုယ် မာန်ဆီ Email ပို့ထားသေးတယ်။ ဖုန်းခေါ်တာအဲ့ဒီကောင်မကိုင်လို့၊ message ပို့တာလဲမပြန်ဘူး။ မင်းနဲ့ဖုန်းပြောဖြစ်ရင်ပြောပြလိုက်ဦး ကိုယ်စွံသွားပြီဆိုတာ။ လာနိင်မယ်လို့တော့မထင်ပါဘူး"
"စိတ်ချကိုဝေယံ ကျွန်တော်ပြောလိုက်ပါ့မယ်။ ဇော်ဇော်ကိုလဲ ပျော်ရွှင်အောင်ထားပေးပါ"
"မင်းမမှာလဲ ကိုယ်အတွက်ကသူပျော်ရွှင်ဖို့အဓီကပါ။ ကိုယ်တို့သွားလိုက်ဦးမယ်နော် လာဘေဘီကိုယ်တို့ဒီနေ့....."
ဇော်ဇော်လက်ကလေးကိုဆုပ်ကိုင်ရင်းစကားလေးပြောကာကျောခိုင်သွားတဲ့နှစ်ယောက်ကိုကြည့်ရင်း အိမ်မှာကျန်ခဲ့တဲ့ကျွန်တော်ရဲ့အိုမီကာလေးကိုသတိလိုက်တာ။
ထွက်သွားသူနှစ်ယောက်ရဲ့နောက်ကျောကိုကြည့်ရင်းကတစ်ယောက်ထဲပြုံးနေတဲ့ အလင်္ကာကိုတော့ယမှုံကဘေးကနေငေးနေမိသည်။ပကဓီကြည်လင်တဲ့အသားအရည်နဲ့ ရှင်းသန့်တဲ့ဂျုတီကုတ်အဖြူေကြာင့်အလင်္ကာက ဘယ်အချိန်ကြည့်ကြည့်သူမရဲ့ နှလုံးသားကိုဖမ်းစားနိုင်လွန်းသည်။ အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့နိုင်ဘူးဆိုတဲ့စကားတကယ်မှန်လိမ့်မည်။ မေ့ပစ်ဖို့မချစ်မိဖို့ကြိုးစားနေတဲ့ကျမက ထိုလူသားပြုံးလိုက် ရယ်လိုက်ရင်ကိုရင်ခုန်နေမိတုန်း။ ကိုယ့်ကိုတစက်ကလေးမှမချစ်တာတောင်မှလေ။
YOU ARE READING
ETERNAL OWNER [Completed]
RomanceMyanmar Bl Fiction ( OC ) Unicode & Zawgyi Author - Miracle 18+ အနည်းငယ်ပါမည် ⚠️