Ok! ငါလေးသေသွားခဲ့ပြီ။
ဘယ်လိုသေသွားလဲလာမမေးနဲ့-! ကိုယ့်ကိုကိုယ်တောင်မယုံကြည်နိုင်သေးလို့ သိချင်ရင်ခဏလေးစောင့်။ စိတ်ငြိမ်အောင်လုပ်လိုက်ဦးမယ်။
ဖူးး ဟူးး။
(စက္ကန့်အနည်းငယ်အကြာ)
F*ckပဲဟေ့ F*ckပဲ ငါလေးပြောစရာများပျောက်ရှလွန်လွန်းလို့ပါ။
TVကြည့်နေရင်းချိုချဉ်စုပ်လုံးလေးစားမိပါတယ်။
TVထဲကကောင်လေးကိုအငမ်းလွန်ပြီး စုပ်လုံးနင်ပြီးသေရတယ်လို့။ ကြားလို့မှကောင်းကြသေးရဲ့လား ဟမ်?ဒါက ငါလေးအမှားတော့မဟုတ်ဘူးမလား။ TVမှာလာနေတာက ငါလေးရဲ့ Ideal type Daddyကြီးရဲ့Interviewလေဟာ။ အသက်26တည်းနဲ့စီးပွားရေးမှာအောင်မြင်နေတဲ့သူတစ်ယောက်လေ။
အားး ရုပ်လေးကလဲချော အပြုံးလေးကလဲချို ရုပ်ရှိငွေလျှံ စိတ်ရင်းလေးကလဲကောင်း ဘလိုသိလဲလာမမေးနဲ့။ သူလေးရဲ့ပရဟိတတွေကို ငါလေးလုပ်အားပေးလိုက်ဖူးတယ် ဟွန့်။
ငါလေးနာမည်က Xi ChenYun(ရှီချန်းယွင်) ငါလေးက ဘာအလုပ်လုပ်လဲဆိုတော့လေ..
အဟိ..ငါလေးက Bl comicsတွေဆွဲတယ် ဟီး။
အဟမ်း ငါလေးအများဆုံးဆွဲဖြစ်တဲ့ပုံစံက ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ CEOနဲ့ အချိန်ပိုင်းအလုပ်သမားလေးတို့၊ အေးစက်တဲ့စီးပွားရေးဘုရင်ကြီးနဲ့ ရှပ်ပြာနိုင်လွန်းသော အတွင်းရေးမှူးလေးတို့။အဲ စကားတအားများသွားပြီ။ ငါလေးသေတဲ့အကြောင်းဆက်ပြောမယ်။
အဲ့နေ့က TVမှာ ငါလေးရဲ့ Daddyကြီး Interview လာနေတာကွာ။ သူ့ရဲ့ Personal lifeအကြောင်းဆိုတော့ ငါလေးလဲစိတ်ဝင်တစားကြည့်နေမိရော။ ကြည့်နေရင်း အချိုစားချင်လာလို့ စုပ်လုံးလေးဖောက် ပါးစပ်ထဲထည့်ပြီး TVလေးပြန်ေငးလိုက်တော့ အချိန်ကကွက်တိကိုပဲ သူလေးက အင်္ကျီလှန်ပြီး သူလေးရဲ့ ခြောက်ပက်တွေပြတဲ့အချိန်နဲ့အတိုး ငါလေးလဲနှာခေါင်းသွေးေတွလျှံပြီး ရုတ်တရက် စုပ်လုံးမျိုချမိသွားရော။ အဲ့အချိန်မှာပဲ အသက်ရှူကြပ်လာပြီး ငါလေးဂန့်သွားတာ။ မဂန့်ခင် TVကိုလှမ်းကြည့်လိုက်သေးတယ် အိုမို သူလေးကခြောက်ပက်မဟုတ်ဘူးဟ ရှစ်ပက်ကြီး။
YOU ARE READING
𝖠𝗍𝗍𝖾𝗇𝗍𝗂𝗈𝗇 𝗈𝗇 𝖠𝗍𝗍𝗋𝖺𝖼𝗍𝗂𝗈𝗇 𝗍𝗈 𝖬𝖺𝗅𝖾𝖫𝖾𝖺𝖽(𝘚𝘺𝘴𝘵𝘦𝘮)
Novela JuvenilSystem : Hossst... ဇာတ်လိုက်ကိုဆွဲဆောင်ဖို့ကို အာရုံစိုက်စမ်းပါ ChenYun : ငါ့အလုပ်ငါလုပ်နေပါတယ်ဟ ဇာတ် လိုက်မရဲ့ထောက်တိုင်ေတွကိုဖြုတ် ေနတယ်လေကွာ အာ... ဗီလိန်ကစွရမ်းချော စွ...