Arc 1.9 လန်ချီဟွား

513 57 4
                                    

Unicode

"မေမေ~~"

မူလပိုင်ရှင်ရဲ့ခံစားချက်အရ ဝဲတက်လာတဲ့မျက်ရည်တွေကို တားဆီးခြင်းမရှိဘဲ လွတ်လပ်စွာ တာကျိုးခိုင်းလိုက်တော့တယ်။

သူ့အတွက်ကဟန်ဆောင်နေတာဆိုပေမဲ့ မူလပိုင်ရှင်အတွက်အမှန်တကယ်ခံစားပေးနေတာပါ။

အချိန်တခုထိကြာတော့

"ရှောင်ဟွားလေး မငိုနဲ့တော့လေ မျက်လုံးတွေနာနေလိမ့်မယ်"

အတော်ကြာထိငိုနေတဲ့ကလေးကိုပြန်ဖို့နှိုးဆော်လိုက်တော့ မတ်တပ်ရပ်လာတဲ့သူလေးက ပင်ပန်းပြီးခြေမခိုင်တော့ဘူး။ အဲ့တော့လဲသူကပဲချီသွားမှာပေါ့ သူလေး(ချီဟွား)ကိုထိတွေခွင့်ရတာ နည်းတဲ့အကျိုးလား။

ကောက်ပြီးချီပွေ့လိုက်တဲ့အထိအသိမဝင်လာသေး နောက်ဆုံးအိမ်တော်ပြန်ရောက်လို့ သူ့အိပ်ဆောင်ရောက်တော့မှ ရင်ခွင်ထဲကသူလေးကိုကြည့်တော့အိပ်ပျော်နေလေရဲ့။

ပုဝါအောက်ကိုမျက်နှာကိုဖူးမြော်ချင်ပေမဲ့ သူလေးရဲ့ကိုယ်ရေးကိုယ်တာကိုလေးစား‌ေသာအားဖြင့် မထိတော့ဘဲကုတင်ပေါ်တင် စောင်ခြုံ‌ေပးပြီး နဖူလေးတော့နမ်း‌လိုက်တယ်။ ဒီလောက်တော့ရတယ်မလား။

>~>~>~>~>~>~>~<~<~<~<~<~<~<

မတော်တဆ ဈေးထဲမှာ‌ေတွ့ခဲ့တဲ့ မျက်နှာမမြင်ရတာတောင်လှပလွန်းမှန်းသိသာတဲ့ထိုကောင်လေးကို စိတ်ဝင်စားမိပါတယ်။ နောက်တကြိမ်ပြန်တွေ့ဖို့မသေချာတဲ့အတွက် နောက်ကနေတောက်လျှောက်လိုက်
ရင်း သူ့အကြောင်းတွေစုံစမ်းရင်း နောက်ပိုင်းမှာတော့ ကြွေရုပ်လေးလိုလှတဲ့ ပန်းကလေး(ရှောင်ဟွား)ကိုသူချစ်မိနေပြီ။

ခမည်းတော် မယ်တော်တို့သဘောမတူမှာကိုမစိုးရိမ်ပါဘူး။ သူဆိုတာတိုင်းပြည်အတွက်အများကြီးပေးဆပ်ထားတယ်လေ။ ဒီလောက်တော့သူ့ဆန္ဒကိုလက်ခံပေးကြမှာပါ။

နောက်ပြီး ကလေးကိုအနိုင်ကျင့်နှိပ်ဆက်ခဲ့တဲ့ လန်အိမ်ကိုလဲ နည်းနည်းတော့ပြန်ပြီး ပညာပြရမယ်။ မဟုတ်သေးဘူး ကုန်းကောက်စရာမရှိလောက်အောင် ခွက်ဆွဲစရာမရှ်လောက်အောင် လုပ်ရမယ်။ သူ့ကလေးလေးကိုထိခိုက်စေထားတာ နည်းတဲ့အပြစ်လား? တွေးရင်းတွေးရင်း ဒေါသကလိမ့်ထွက်လာရော။

𝖠𝗍𝗍𝖾𝗇𝗍𝗂𝗈𝗇 𝗈𝗇 𝖠𝗍𝗍𝗋𝖺𝖼𝗍𝗂𝗈𝗇 𝗍𝗈 𝖬𝖺𝗅𝖾𝖫𝖾𝖺𝖽(𝘚𝘺𝘴𝘵𝘦𝘮)Where stories live. Discover now